အတ္တလန်တာနဲ့ပွဲမှာ ခရစ္စတီယာနိုကို အနားပေးသွားမယ့် ဂျူဗင်တပ်စ်

အတ္တလန်တာနဲ့ပွဲမှာ ခရစ္စတီယာနိုကို အနားပေးသွားမယ့် ဂျူဗင်တပ်စ်
Photo: EPA

ဂျူဗင်တပ်စ်နည်းပြ မက်စ်အယ်လီဂရီက လာမယ့် စီးရီးအေပွဲစဉ်မှာတော့ အသင်းရဲ့ ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းမှ ပထမဆုံးအကြိမ် အနားပေးသွားမယ်လို့ အင်္ဂါနေ့က ပြောဆိုသွားခဲ့ပါတယ်။

“ရော်နယ်ဒိုဟာ မနက်ဖြန် အရန်ခုံတန်းမှာ ရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးအကြိမ်အနေနဲ့ သူနဲ့ ကျနော် အတူပွဲကို ကြည့်ရှုသွားမှာပါ။”လို့ အယ်လီဂရီက Sky Sport Italia ကို ပြောပါတယ်။

စီးရီးအေအမှတ်ပေးဇယား ဒုတိယနေရာက နပိုလီအသင်းကို ၈ မှတ်ဖြတ်ထားပြီး ဦးဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဂျူဗင်တပ်စ်ရဲ့ ပွဲစဉ်တိုင်းကို ပါဝင်ကစားထားပြီး စီးရီးအေ ၁၇ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိ ရရှိထားပါတယ်။

“သူစွမ်းဆောင်ထားတာနဲ့ ပတ်သက်လို့ ကျနော်တို့ ပျော်ရွင်ကျေနပ်နေပါတယ်။ ချန်ပီယံလိဂ်ရဲ့ အဆုံးသတ်ပိုင်းကို ရောက်တဲ့အခါ ကျနော်တို့အနေနဲ့ သူ့ကို လာမယ့်နှစ် မတ်လထဲမှာ အကောင်းဆုံးပုံစံမြင်တွေ့ဖို့ လိုအပ်ပါတယ်။ သူဟာ မကြာသေးခင် နှစ်များထက် ပိုပြီး အဆုံးအဖြတ်ဖြစ်လာဖို့ ရှိလာပါမယ်။”လို့ အယ်လီဂရီက အသက် ၃၃ နှစ်ရှိ ရော်နယ်လ်ဒို အနားပေးရတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly