စစ်ကိုင်းတိုင်းအတွင်းရှိ မီးရထားကဏ္ဍဖွံ့ဖြိုးရန် ဝန်ကြီးချုပ်ကိုယ်တိုင် ရထားစီး၍ လေ့လာ

စစ်ကိုင်းတိုင်းအတွင်းရှိ မီးရထားကဏ္ဍဖွံ့ဖြိုးရန် ဝန်ကြီးချုပ်ကိုယ်တိုင် ရထားစီး၍ လေ့လာ

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၅ ။             ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မီးရထားကဏ္ဍကို ဖွံ့ဖြိုးတက်စေရန် ကိုယ်တိုင်ရထားစီးကာ လိုအပ်ချက်များ ကို နိုင်ငံတော်သို့ တင်ပြပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

“တို့ နိုင်ငံက နည်းနည်းနောက်ကျနေတာပေါ့။ သူများနိုင်ငံဆို ငြိမ်နေတာပဲ။ တို့ ငယ်ငယ်က သွားတာနဲ့ဆိုရင် နည်းနည်းပိုငြိမ်လာတယ်။ တို့ငယ်ငယ်ကဆို ဝုန်းဒိုင်း ဝုန်ဒိုင်းနဲ့ ခုံပေါ်က ပြုတ်ကျမတတ်ပဲ။ ဒါ နည်းနည်းတော့ တိုးတက်လာတာပေါ့။ စီးကြည့်ပြီးမှ ရထားရဲ့ လိုအပ်ချက်တွေ ပြောပြပါမယ်။ နိုင်ငံတော်ကိုတင်ပြပေးပြီး ဆက်လုပ်ပေးပါမယ်” ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အနေဖြင့် ရထားမစီးဖြစ်သည်မှာ နှစ်ပေါင်း၃၀ နီးပါး ကြာမြင့်ပြီ ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်က စစ်ကိုင်းမြို့ ရွာထောင်ဘူတာမှ စတင်ထွက်ခွာလာသည့် “ စစ်ကိုင်းတိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ခရီးသွားရက်သတ္တပတ်လှုပ်ရှားမှုခရီးစဉ်” တွင် ပထမဆုံးအကြိမ် လိုက်ပါစီးနင်းရင်း ပြောခဲ့ခြင်း ဖြစ်သည်။

ရထားဖြင့် ခရီးသွားခြင်းကို အများပြည်သူတွေ စိတ်ဝင်စားစေရန် ရည်ရွယ်ကာ မိမိကိုယ်တိုင် ရထားစီးပြီး မီးရထားဌာန၏ လိုအပ်ချက်များကို  လိုအပ်ချက်တွေကို နိုင်ငံတော်ကို တင်ပြပေးမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

ခရီးသွား ရက်သတ္တပတ်လှုပ်ရှားမှု ပထမနေ့ ခရီးစဉ်အဖြစ် စစ်ကိုင်းရွာထောင်ဘူတာမှ နဘားဘူတာအထိ ရထားခရီးစဉ်ဖြစ်ပြီး လမ်းတလျှောက်မြို့များ၏ ဘူတာများတွင် ရထား ခေတ္တရပ်နားကာ ဝန်ကြီးချုပ်နှင့် ဒေသ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီအစဉ်အရ ခရီးသွားဇုန် ၆ ခု အဖြစ် သတ်မှတ်ထားသည့် စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ကလေး၊ ခန္တီးမြို့နယ် စသည့် ဒေသများမှ စစ်ကိုင်းတိုင်းအတွင်း ခရီးလုပ်ငန်းဖွံဖြိုးတိုးတက်မှုလုပ်ငန်း လုပ်ဆောင်ထား သည့် ဇလုံတောင်၊ လင်းနို့ဂှုစသည့် နေရာများကိုလည်း သွားရောက်မည်ဟု သိရသည်။

စစ်ကိုင်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံမှာ ဒုတိယအကျယ်ဆုံးတိုင်းတစ်ခုပြီး ရှေးဟောင်းအမွှေအနှစ်များ၊ သမိုင်းအမွေအနှစ်များနှင့် တန်ခိုးကြီးဘုရားများစွာရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required