Wolverine ကို အားကျအတုယူနေသော Angela Lee

Wolverine ကို အားကျအတုယူနေသော Angela Lee

ONE  အမျိုးသမီးအက်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ “Unstoppable” Angela Lee သည် ကြိုးဝိုင်းအတွင်း ထိုးသတ်ယှဉ်ပြိုင်သောအချိန်တွင် ခက်ထန်မာကျောတတ်သော်လည်း ၎င်း၏ ကြိုးဝိုင်းအပြင်ဘက်မှဘဝသည် ထိုသို့မဟုတ်ချေ။

အမှန်စင်စစ် Lee သည် ရုပ်ပြစာအုပ်များကို အလွန််နှစ်သက်သော စာဂျပိုးတစ်ဦးဖြစ်ကာ၊ အထူးသဖြင့်် Marvel ရုပ်ပြစာအုပ်များကို ကြိုက်နှစ်သက်ကြောင်း ၎င်းကိုယ်တိုင် ပြောပြတတ်သည်။

Lee ၊ Lee ၏ အစ်ကိုနှင့် ONE မှကစားဖော်ဖြစ်သော Christian Lee တို့သည် ကာတွန်းကားများကြည့်ရန် မနက်စောစောထတတ်ကြရာ ဤသို့ဖြင့်ပင် Lee သည် ဇာတ်ကောင်တစ်ဦးကို တဖြည်းဖြည်းစွဲလမ်းလာခဲ့သည်။

“ကျွန်မတို့က စူပါဟီးရိုးတွေကို သိပ်သဘောကျတဲ့အတွက် စွဲစွဲလမ်းလမ်းကို ကြည့်တတ်ကြတယ်။  ကျွန်မ အနှစ်သက်ဆုံး ဇာတ်လမ်းတွဲက X-Men ဇာတ်ကားဖြစ်ပြီး အဲ့ဒီဇာတ်ကားထဲက အကြိုက်ဆုံး စူပါဟီးရိုးက Wolverine ပါ။” ဟု ၎င်းက စိတ်အားထက်သန််စွာ ဖွင့်ဟခဲ့သည်။

“ကျွန်မအတွေးထဲမှာ သူက အရမ်းတော်တဲ့သူပါ။ သူ့မှာ သန်မာတဲ့ လက်သည်းတွေရှိတယ်။ သူက တိုက်ခိုက်နိုင်ပြီး သူ့ကိုယ်သူလည်း ထိန်းချုပ်နိုင်စွမ်းရှိသလို သူ့ရဲ့ ခန္ဓာကိုယ်က အလိုလျောက်ကုသနိုင်စွမ်းလည်းရှိသေးတယ်။ သူ့ရဲ့ တစ်ခုတည်းသော မကောင်းတဲ့အချက်က ထာဝရအသက်ရှင်နေရတာပဲ။ ဒါပေမယ့် သူက ကြည့်ကောင်းတယ်။  အရည်အချင်းကောင်းတွေရှိတယ်။ သူ့မှာ သဘောကျစရာအချက်တွေ အများကြီးရှိတယ်လေ။” ဟု Lee က ပြောပြခဲ့သည်။

Lee သည် ၂၀၁၆ ခုနှစ် နယူးယောက်ခရီးစဉ်၌ AMC Magic Johnson Harlem 9 ပြဇာတ်ရုံတွင် ကျင်းပပြုလုပ်သော Netflix ဇာတ်လမ်းတွဲဖြစ်သော Luke Cage အထူးပွဲပြသသည့်ပွဲသို့ ဖိတ်ခေါ်ခံရသောအချိန်တွင် ၎င်း၏အိမ်မက်ကို အကောင်အထည်ဖော်နိုင်ရန် အခွင့်အရေးရရှိခဲ့သည်။

Lee သည် Rosario Dawson ၊ Mike Colter တို့ကဲ့သို့သော ရုပ်ရှင်အကျော်အမော်များနှင့် ဆုံတွေ့ခွင့်ရရှိခဲ့သည့်အပြင် Marvel ကုမ္ပဏီ၏ရုံးခန်းများထံပါ ဝင်ရောက်လေ့လာခွင့်ရခဲ့သည်။

“ကျွန်မ အဲ့ဒီကိုရောက်နေတုန်းက ကျွန်မကို Marvel ရုံးချုပ်ကို သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့တယ််။” ဟု ၎င်းက စိတ်လှုပ်ရှားစွာ ပြန်ပြောင်းပြောပြသည်။

“ရိုက်ကွင်းကိုသွားပြီး ရုပ်ပြစာအုပ်တွေ၊ ဇာတ်ကားတွေကို ဘယ်လိုထုတ်လုပ်တယ်ဆိုတာကို လေ့လာခွင့်ရတာ သိပ်ကို ပျော်ဖို့ကောင်းတယ်။ အဲ့ဒီမှာ ကျွန်မဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန််းခဲ့ရတယ်။ သကြားလုံးဆိုင်ရောက်သွားတဲ့ ကလေးတစ်ယောက်လိုပဲ ပျော်ရွှင်ခဲ့ရပါတယ်။” ဟု ၎င်းက မျှဝေခဲ့သည်။

ကမ္ဘာ့ချန်ပီယံ Lee ကို ပိုမိုပျော်ရွှင်ခဲ့ရသောအကြောင်းမှာ လက်ဆောင် အမြောက်အများရရှိခဲ့ခြင်းပင်ဖြစ်သည်။

“သူတိုက့ ကျွန်မတို့ကို ရုပ်ပြစာအုပ်တွေ အလကားပေးလိုက်တယ်။ ရုပ်ပြစာအုပ်တွေ အများကြီးအများကြီး လက်ဆောင်ပေးလိုက်တယ််။” ဟု Lee က ဝမ်းသားပျော်ရွှင်စွာ ပြောပြသည်။

 ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား Lee အနေဖြင့် ကျန််းမာရေးအပြည့်အဝကောင်းမွန်လာသောအချိန်တွင် ဝိတ်တန်းနှ်စ်ခုချန်ပီယံတစ်ဦးဖြစ်လာရေးအတွက် ၎င်းနှစ်သက်သည့်စူပါဟီးရိုးများကဲ့သို့ပင် ကြိုးစားအားထုတ်သွားမည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required