အတိတ်က လုပ်ရပ်ကြောင့် သြစတြေးလျ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရတဲ့ ခရစ္စဘရောင်း

အတိတ်က လုပ်ရပ်ကြောင့် သြစတြေးလျ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရတဲ့ ခရစ္စဘရောင်း

အမေရိကန် အဆိုတော် ခရစ္စဘရောင်းသည် အတိတ်က လုပ်ရပ်ကြောင့် သြစတြေးလျ ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံခဲ့ရကြောင်း လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ပီတာ ဒက်တန်က အတည်ပြု ပြောကြား သည်။

ခရစ္စဘရောင်းသည် One Hell of a Nite ကမ္ဘာလှည့် ဖျော်ဖြေရေးခရီစဉ် အစိတ်အပိုင်း တစ်ခု အဖြစ် ယခုနှစ် ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ယခုအခါ ခရစ္စဘရောင်း၏ သြစတြေးလျ ပြည်ဝင်ခွင့် ဗီဇာသည် အတိတ်က လုပ်ရပ်ကြောင့် ပိတ်ပင်ခြင်း ခံခဲ့ရ သည်။

ခရစ္စဘရောင်းသည်  ၂၀၀၉ ခုနှစ်က ဂရမ်မီ အကြိုဆုပေးပွဲတွင် ရည်းစားဟောင်းဖြစ်သူ ရီဟားနားကို ရိုက်နှက်ခဲ့မှုကြောင့် လူမှုရေးလုပ်ငန်းများတွင် ရက်ပေါင်း ၁၈၀ လုပ်ရန်နှင့် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုနှင့် စပ်လျဉ်း၍ တစ်နှစ်တာ သင်တန်းကို တတ်ရောက်ရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။

အမျိုးသမီးရေးရာ ဝန်ကြီး မစ်ချဲလီအာချက်က ယခုလအစောပိုင်းက ခရစ္စဘရောင်းကို ပိတ်ပင် ရန် လှုံ့ဆော်စည်းရုံးမှု တစ်ခု ပြုလုပ်ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဌာနသည် ခရစ္စဘရောင်းကို သြစတြေးလျ နိုင်ငံအတွင်းသို့ ပေးဝင်ခြင်း မပြုရန် ဖိအားပေး ခံခဲ့ရခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေး ဌာန အကြီးအကဲ ပီတာဒက်တန်က  ခရစ္စဘရောင်း၏ ပြည်ဝင်ခွင့် ဗီဇာကို ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly