မန်ယူအသင်းရဲ့ တရားဝင်နည်းပြဖြစ်လိုတယ်လို့ ပြောလာတဲ့ ဆိုးလ်ရှား

မန်ယူအသင်းရဲ့ တရားဝင်နည်းပြဖြစ်လိုတယ်လို့ ပြောလာတဲ့ ဆိုးလ်ရှား
Photo: AFP

ဆိုးလ်ရှားက သူ့အနေနဲ့ အသင်းရဲ့ တရားဝင်နည်းပြဖြစ်လာမယ့် အခွင့်အရေးရလိုတယ်လို့ မန်ယူယာယီနည်းပြအဖြစ် သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းမှာ ပြောဆိုခဲ့ပါတယ်။

အသက် ၄၅ နှစ်ရှိ မန်ယူဂန္တဝင်ကစားသမားဟာ အင်္ဂါနေ့က ရာထူးမှ ထုတ်ပယ်ခံရတဲ့ မော်ရင်ဟိုနေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးဝင်ရောက်ကာ ရာသီကုန်အထိ ကိုင်တွယ်ဖို့ ခန့်အပ်ခံခဲ့ရသူပါ။

နော်ဝေကလပ် မိုလ်ဒီအသင်းမှ အငှားဖြင့် လာရောက်ခဲ့တဲ့ ဆိုးလ်ရှားက သူ့အနေနဲ့ ကစားသမားအနေနဲ့ရော နည်းပြအဖွဲ့ဝင်အနေနဲ့ပါ ၁၅ နှစ်နီးပါး ကျင်လည်ခဲ့တဲ့ အသင်းနဲ့ လက်ရှိရာသီပြီးဆုံးချိန်ရဲ့ အလွန်ကို စဉ်းစားမနေသေးကြောင်း ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အမြဲတမ်းနည်းပြရာထူးအတွက် အခွင့်အရေးထွက်ပေါ်လာပါက ရယူရန် စိတ်ဝင်စားလိမ့်မယ်လို့ ဆိုပါတယ်။

“မန်ယူမှာ ဒီလိုမျိုး နည်းပြအလုပ်ကို ရလာတဲ့အချိန် သူတို့က ၆ လ စာချုပ်ဖို့ ခင်ဗျားကို မေးလာပါမယ်။ ခင်ဗျားက ‘yeah’ လို့သာ ပြန်ပြောပါမယ်။”လို့ သူက ပြောပါတယ်။

“ကျနော် ကူညီခွင့်ရလို့ ပျော်ရွှင်နေပြီး အခုကျနော့်အလုပ်က လာမယ့် ၆ လအတွက် တတ်နိုင်သလောက် လုပ်ဆောင်သွားဖို့နဲ့ တတ်နိုင်သမျှ ကလပ်အသင်းကို ရှေ့လျှောက် တွန်းတင်သွားဖို့ပဲဖြစ်ပါတယ်။”

“မန်ယူအသင်းရဲ့ နည်းပြဖြစ်လာဖို့ မြတ်နိုးပြီး လိုချင်တဲ့ နည်းပြအများကြီး ရှိတယ်ဆိုတာ ကျနော် နားလည်ထားပါတယ်။ ကျနော်ကလည်း အဲဒီထဲက တစ်ယောက်ပါ။ ဒါပေမယ့် ကျနော်တို့ ပြောနေတဲ့ အကြောင်းအရာက တစ်ခုခုကို ပြောနေတာ မဟုတ်ပါဘူး။  အခုဆိုရင် သူတို့အနေနဲ့ လာမယ့် ၆ လအတွက် လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်နေပါလိမ့်မယ်။”

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly