လူလတ်တန်းစားများအတွက် City Loft တန်ဖိုးသင့်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

လူလတ်တန်းစားများအတွက် City Loft တန်ဖိုးသင့်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ။                ။ ရန်ကုန်မြို့ရှိ လူလတ်တန်းစားများအတွက် ရည်ရွယ်ပြီး City Loft တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို အကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်ခန်းများကို ၂၅နှစ်အရစ်ကျ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

"အခုရောင်းတဲ့ City Loft ဆိုရင် အမျိုးအစားက ၄ခုရှိတယ်။ စတူဒီယိုပါမယ်။ One Bedroom ပါမယ်၊ Two Bedroom ပါမယ်။ Three Bedroom ပါမယ်။ အငယ်ဆုံးအခန်းဆိုရင် တစ်လကို ဘဏ်ကိုချေရမယ့် နှုန်းက ၄သိန်းဘဲရှိတယ်။ အလုပ်အကိုင် ၈သိန်း၊ ၉သိန်းလောက်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် တစ်လကို သူက တတ်နိုင်တယ်။ အခုက ရိုးမဘဏ်ကနေစပြီး ၂၅နှစ်အထိ ချေးခွင့်ပေးတယ်ဆိုတော့ လတိုင်းလတိုင်းချေတဲ့ ဂဏန်းပမာဏက အနည်းဆုံးဖြစ်သွားရော အဲဒီကျတော့ လူတွေကတတ်နိုင်သွားမယ်" ဟု Yoma Strategic နှင့် FMI ဥက္ကဋ္ဌ Serge Pun (ခ) ဦးသိမ်းဝေ ကပြောသည်။

လက်ရှိအချိန်တွင် Master Plan အနေဖြင့် တိုက်ခန်းပေါင်း ၂ဝဝဝကို စတင်အကောင်အထည်ဖော် သွားမည် ဖြစ်ပြီး ပထမအဆင့် အိမ်ယာစီမံကိန်းကို ၁၂လအတွင်းအပြီးတည်ဆောက်သွားရန် စီစဉ်ထားကာ ၂၀၂၀ ခုနှစ် ဧပြီလတွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ပထမအဆင့်အနေဖြင့် Yoma Strategic နှင့် FMIမှဝန်ထမ်းများ၊ ရှယ်ယာရှင်များကို အိမ်ခန်းရောင်းချမှုမှာ အ ခန်းပေါင်း ရဝရာခိုင်နှုန်းခန့်ရောင်းချပြီးဖြစ်ကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ပြည်သူလူထုကို မိတ်ဆက်ရောင်းချ ပေးသွားမည် ဖြစ်သည်။

"သိန်း ၆၅ဝတန်လောက်ဝယ်မယ်ဆိုရင် သူ့ကို ၆၅ဝဝဝစပေးလိုက်ရတယ်။ သူက ၁ရာခိုင်နှုန်းပေးပြီးတဲ့အခါကျ တော့ ၉ရာခိုင်နှုန်းက သူတို့လုပ်ငန်းက ၂၀၁၉မှစမယ်။ အဲဒီမှာ ၉ရာခိုင်နှုန်းပေးလိုက်ရင် အဲဒီမှာ ၁ဝရာခိုင်နှုန်း တစ်ခုပြီးသွားရော နောက် ၁ဝရာခိုင်နှုန်းစီပေးပြီး ၃ဝရာခိုင်နှုန်းပြီးတော့မှ ရဝရာခိုင်နှုန်းကို ၂၅နှစ်တိတိ ဘဏ်နဲ့ ချိတ်ပြီး သွင်းလို့ရတယ်။ ဒါလည်းသဘောကျပါတယ်။ စာချုပ်ချုပ်တဲ့အချိန်မှာတော့ ၂၅နှစ်ကိုဘဲချုပ်ထားလိုက် သူကံနဲ့သူပေါ့။ ပေးလို့ရရင်လည်းပေးချေလိုက်တာပေါ့" ဟု အိမ်ခန်းလာရောက်ဝယ်ယူသူ ဦးအေးထွန်း ကပြော သည်။

တိုက်ခန်းပေါင်း ၅ဝဝကျော်ကို ၂၀၂ဝခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ဝယ်လိုအားရှိသလောက် အဆင့် ၁၊ ၂၊ ၃ အနေဖြင့် အိမ်ရာစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊သန်လျင်မြို့နယ်ရှိ City Star အိမ်ရာဝင်းအတွင်းရှိ ၂၂ဧက ကျယ်ဝန်းသောမြေနေရာတွင် City Loft အိမ်ရာစီမံကိန်းကို တည်ဆောက်သွားမည်ဖြစ်ပြီး ဆောက်လုပ်မှုကိုအဆင့်အလိုက်လုပ်ဆောင်သွားမည် ဖြစ် သည်။ ပထမအဆင့် အိမ်ခန်းဝယ်ယူသူများကို ၂၀၂ဝခုနှစ် ပထမလေးလပတ်တွင် အိမ်ခန်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
အိမ်ခန်း အကျယ်အဝန်းနှင့် အမျိုးအစားများပေါ်မူတည်ပြီး ကျပ်သိန်း၄၂ဝမှ သိန်း ၁၆ဝဝတန်အခန်းများပါဝင် မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly