ဘရာဇီးဗဟိုနောက်ခံလူ ဒီဒီမာကို ထပ်မံခေါ်ယူလိုက်တဲ့ ရှမ်းယူနိုက်တက်အသင်း

ဘရာဇီးဗဟိုနောက်ခံလူ ဒီဒီမာကို ထပ်မံခေါ်ယူလိုက်တဲ့ ရှမ်းယူနိုက်တက်အသင်း
Photo: Shan United FC

ဘရာဇီးတိုက်စစ်သမားနှစ်ဦးကို မကြာသေးမီက ခေါ်ယူအားဖြည့်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းဟာ ဘရာဇီးနောက်ခံလူ ဒီဒီမာကို တစ်ရာသီစာချုပ်နဲ့ ထပ်မံခေါ်ယူလိုက်ပြီဖြစ်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကစားသမားဟာ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ ဘရာဇီး ပြည်တွင်းကလပ်များမှာ ကစားခဲ့ပြီး ၂၀၁၈ ဘောလုံးရာသီမှာ အဇာဘိုင်ဂျန်ကလပ် ကာပက်ဇ်ကို ရောက်ရှိခဲ့ပြီးနောက် အရှေ့တောင်အာရှဆီ ပထမဆုံး ခြေဆန့်လာတာဖြစ်ပါတယ်။

“ကျနော် ဘောလုံးကစားရင် ခပ်တင်းတင်း ပဲကစားတတ်တယ်။ ပြိုင်ဘက်တွေကို ရင်ဆိုင် အနိုင်ယူဖို့လည်း အမြဲကြိုးစားနေတယ်။ စိန်ခေါ်မှုတွေဆိုတာ အောင်မြင်မှုရဲ့ လမ်းစပါ။ အာရှသားတွေကို ကျနော် သိပါတယ်။ လူလုံးလူဖန် မကြီးပေမယ့် မြန်တယ်၊ ခွန်အားရှိတယ်။ သူတို့က အရှိန်နဲ့ ကစားဖို့ အမြဲတမ်းအသင့်ရှိနေတတ်ပါတယ်။ သူတို့နဲ့ အားပြိုင်ရတာကို ကြိုက်တယ်”လို့ ၂၆ နှစ်အရွယ် နောက်ခံလူက ဆိုပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းအနေနဲ့ ပြည်ပ ကစားသမားများဖြစ်တဲ့ ဂူစတာဗို၊ မေကွန်နှင့် ဒီဒီမာတို့ကို ိခေါ်ယူခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်း အာရှကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူ စာချုပ်သွားမယ်လို့ ရှမ်းအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

(Source: Shan United FC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly