တပ်နှင့် ဆက်နွယ်နေသည့် အကောင့်နှင့် စာမျက်နှာများကို Facebook ထပ်မံ ဖယ်ရှား

တပ်နှင့် ဆက်နွယ်နေသည့် အကောင့်နှင့် စာမျက်နှာများကို Facebook ထပ်မံ ဖယ်ရှား

ဒီဇင်ဘာ ၁၉ ။                  ။ တပ်မတော်နှင့် ဆက်နွယ်ပတ်သက်နေသည့် အကောင့် (account) နှင့် စာမျက်နှာ (page)  ရာပေါင်းများစွာကို ခွဲခြားဖော်ထုတ်ပြီး ဖယ်ရှားလိုက်ကြောင်း Facebook က ထုတ်ပြန်လိုက်သည်။

ယခုတစ်ကြိမ်မှာတော့ မြန်မာတပ်မတော် နှင့် ဆက်နွယ်ပတ်သက်နေသည့် facebook စာမျက်နှာပေါင်း ၄၂၅ ခု၊ facebook အကောင့် ၁၃၅ ခု၊ facebook groups ၁၇ ခု နှင့် Instagram အကောင့် ၁၅ ခု တို့ကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ကြောင်း Facebook က ပြောကြားသည်။

ယခု တစ်ကြိမ် ဖယ်ရှား ရှင်းလင်းမှုကတော့ Facebook အနေဖြင့် ယင်း၏ ပလက်ဖောင်းပေါ်တွင် မြန်မာစစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုကို ပစ်မှတ်ထားလုပ်ဆောင်သည့် ဒုတိယမြောက် လုပ်ဆောင်မှုလည်း ဖြစ်သည်။

" ခုလို ဒီ စာမျက်နှာ ပေ့ချ်တွေကို ဖယ်ရှားရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့တာကတော့ ဒီ ပြုမူဆောင်ရွက်သူတွေ ပလက်ဖောင်းပေါ်မှာ တင်နေတဲ့ အကြောင်းအရာအမျိုးအစားတွေထက်စာရင် သူတို့ရဲ့ အပြုအမူတွေအပေါ်မှာပဲ အခြေခံပြီး လုပ်ခဲ့တာဖြစ်ပါတယ်" ဆိုပြီး Facebook က ယင်း၏ ဘလော့ဂ်ပို့စ်တွင် ရေးထားသည်။

ယခုတစ်ကြိမ် ဖယ်ရှားလိုက်သည့် facebook စာမျက်နှာတစ်ခုမှာ ဆိုလျင် followers ပေါင်း ၂ ဒသမ ၅ သန်းအထိပင် ရှိကြောင်း Facebook က ပြောသွားသည်။

၎င်းဟာ သတင်းမှားများနှင့် အမုန်းစကားများ ယင်း၏ ဆိုဒ်ပေါ်မှာ  ပြန်နှံ႔နေမှုကို ထိန်းချုပ်ရန် ပျက်ကွက်နေသည် ဆိုသည့် ဝေဖန်မှုများအပေါ် Facebook ဘက်က တုန့်ပြန်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly