ဘရစ်ဇစ်သဘောတူညီမှုကို ဇန်နဝါရီ တတိယပတ်မှာ မဲခွဲဆုံးဖြတ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကြေညာ

ဘရစ်ဇစ်သဘောတူညီမှုကို ဇန်နဝါရီ တတိယပတ်မှာ မဲခွဲဆုံးဖြတ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကြေညာ
Photo: EPA

လန်ဒန်၊ ဒီဇင်ဘာ ၁၈ ။    ။ အီးယူကနေ ဗြိတိန်နုတ်ထွက််မှု ဘရစ်ဇစ်အရေးနဲ့ ပတ်သက်ပြီး ရရှိထားတဲ့ နောက်ဆုံးသဘောတူညီချက်ကို လာမယ့် ဇန်နဝါရီ တတိယအပတ်မှာ အပြီးသတ် မဲခွဲကြရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက တနင်္လာနေ့မှာ ကြေညာပါတယ်။

ဘရစ်ဇစ်အရေး ဆွေးနွေးမှုတွေကို ဇန်နဝါရီ ၇ ရက်မှာ ပြန်စမှာဖြစ်ပြီး ယင်းနောက် တတိယပတ်မှာ မဲပေးကြရမှာဖြစ်တယ်လို့ အောက်လွှတ်တော်မှာ ထရီဆာမေက ပြောပါတယ်။

နဂိုက အီးယူခေါင်းဆောင်တွေနဲ့ ရရှိထားတဲ့ ဒီ ဘရစ်ဇစ်သဘောတူညီချက်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မဲခွဲဖို့ ရှိတာဖြစ်ပေမယ့်  ဗြိတိန်ပါလီမန်မှာ သဘောထားကွဲလွဲနေတာဖြစ်ပြီး ထရီဆာမေကို အယုံအကြည်မရှိ အဆိုတင်ခဲ့တဲ့အထိ ဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့် အယုံအကြည်မရှိ အဆိုမှာ ထရီဆာမေက အနိုင်ရပြီး ခုလို ဘရစ်ဇစ်အရေးကို ဆက်လက်ဖော်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required