အမေရိကန် ဆန်ရှင်ချမှတ်မှု မြောက်ကိုရီးယား ပြစ်တင်

အမေရိကန် ဆန်ရှင်ချမှတ်မှု မြောက်ကိုရီးယား ပြစ်တင်

ဒီဇင်ဘာ ၁၇ ။         ။ အမေရိကန်တို့ဘက်က အရေးယူပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်လာမှုအပေါ် မြောက်ကိုရီးယားက ပြစ်တင် သတိပေးလိုက်သည်။

ယခုလို ဆန်ရှင်ထပ်ချမှတ်ခြင်းက ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး လမ်းကြောင်းကို ထာဝရ ပိတ်ဆို့သွားနိုင်ကြောင်း သတိပေးသွားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဖြင့် မြောက်ကိုရီးယား ထိပ်တန်းအရာရှိကြီး သုံးယောက်ကို ဆန်ရှင်ချမှတ်ကြောင်း ၀ါရှင်တန်တို့က ကြေညာခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး ယခုနှစ်နွေရာသီက စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ဆက်ဆံရေး နွေးထွေးလာပုံ ရခဲ့သော်လည်း ယင်းနောက်ပိုင်း အခြေအနေ တိုးတက်မှု မရှိဘဲဖြစ်နေခဲ့ရသည်။

လက်ရှိမှာ ပြုံယမ်းတို့ဘက်က ဆန်ရှင် ရုတ်သိမ်းရေး တောင်းဆိုနေပြီး တစ်ဘက်မှာတော့ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး အပြီးအပိုင် မလုပ်နိုင်သေးသရွေ့ ဆန်ရှင်တွေ ဆက်ထားရေးကိုသာ ၀ါရှင်တန်တို့ဘက်က တွန်းအားပေးလုပ်ဆောင်နေလျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly