၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အချိန်စာရင်း ထုတ်ပြန်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အချိန်စာရင်း ထုတ်ပြန်
ဓာတ်ပုံ-MOI

ရန်ကုန်၊ဒီဇင်ဘာ ၁၇ ။             ။ ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် သူများအတွက် အချိန်စာရင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက  ထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းစာမေးပွဲကို မတ်လ ၆ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး  မတ်လ ၁၅ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

" နည်းနည်းတော့ စောတာပေါ့။ကလေးတွေအတွက်တော့ လေ့ကျင့်ချိန်နည်းနည်းတော့ နည်းသွားမယ်။ ဒုတိယအပတ် စာမေးပွဲကလည်း ဖေဖော်ဝါရီလထဲမှာလေ။ ကပ်နေတယ်။ သူတို့အတွက် လေ့ကျင့်ဖို့ အချိန်နည်းသွားတာပေါ့။" ဟု ခရမ်းမြို့နယ် အထက်တန်းပြဆရာမ ဒေါ်ကြည်သာဇင်က ပြောသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သူများအနေဖြင့် မြန်မာစာကို မတ်လ ၆ ရက်နေ့ကစတင်ပြီး နံနက် ၉နာရီမှ ၁၂နာရီအထိဖြေဆိုရမည်ဖြစ်ပြီး မတ်လ ရရက်နေ့တွင် အင်္ဂလိပ်စာ၊မတ်လ  ၈ရက်နေ့တွင် သချင်္ာ၊ မတ်လ ၉ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ၊ မတ်လ ၁၁ရက်နေ့တွင် ဓာတုဗေဒ၊မတ်လ ၁၂ရက်နေ့တွင် ရှုပဗေဒ၊ မတ်လ ၁၃ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊မတ်လ  ၁၄ရက်နေ့တွင် ပထဝီ၊မတ်လ ၁၅ရက်နေ့တွင် သမိုင်း ဘာသာများကို ဖြေဆိုရမည် ဖြစ်သည်။

 ၂၀၁၈ခုနှစ် တက္ကသိုလ်စာမေးပွဲကို မတ်လ ရရက်နေ့ကစတင်ပြီး မတ်လ ၁၆ရက်နေ့ အထိ ကျင်းပခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေ ၇၈၉၈၄၅ ဦးရှိခဲ့ကာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူဦး  ၂၅၉၁၉၁ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly