ငမိုးရိပ်ချောင်းတွင် ရန်ကုန်ရေကြောင်းပို့ဆောင်ရေး ဆိပ်ခံတံတားများ တည်ဆောက်ရန် စီစဉ်

ငမိုးရိပ်ချောင်းတွင် ရန်ကုန်ရေကြောင်းပို့ဆောင်ရေး ဆိပ်ခံတံတားများ တည်ဆောက်ရန် စီစဉ်
 ဓာတ်ပုံ -  Yangon Water Bus

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ။          ။ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ငမိုးရိပ်ချောင်းတွင် ရန်ကုန်ရေကြောင်းပို့ဆောင်ရေး ဆိပ်ခံတံတား (Yangon Water Bus Jetty )များကို တည် ဆောက်သွားရန် လုပ်ဆောင်နေကြောင်း တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် ကပြောသည်။

"အဓိကတော့ ငမိုးရိပ်ချောင်းပဲ။ ငမိုးရိပ်ချောင်းက လူနေအထူထပ်ဆုံးပဲ။ လူသန်းနဲ့ချီရှိတယ် ချောင်းဘေးနှစ် ဘက်မှာ။ ငမိုးရိပ်ချောင်းမှာ ဆိပ်ခံတံတား ၁၁နေရာနဲ့ သန်လျင်က သီတာဆိပ်ကမ်းတွေမှာ တည်ဆောက် သွားမယ်" ဟု ဒေါ်တင့်တင့်လွင် ကပြောသည်။

အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် နည်းပညာများကို ထိုင်းနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆိပ်ခံတံတားဆောက်လုပ်ရေးနှင့် Water Bus များအတွက် ထိုင်းနိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများနှင့် အတူလုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် နှစ်ဖက်နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခြင်းများလည်းလုပ်ဆောင်ပြီးဖြစ်ကာ တည်ဆောက်မည့်နေရာများကိုလည်း ရွေးချယ်ပြီးဖြစ်ကြောင်း ၂၀၁၉ခုနှစ် မေလ မတိုင်ခင် ဆိပ်ခံတံတား အချို့ကို ဖွင့်လှစ်နိုင်ရန် တည်ဆောက်နေကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။

ထို့အပြင် Water Bus အသစ် ၈ စီးကိုလည်း ထပ်မံတင်သွင်းသွားရန်စီစဉ်နေပြီး နေ့စဉ်စီးနင်းသူခရီးသည် ဦးရေမှာ ၄ဝဝဝမှ ၆ဝဝဝကြားရှိကြောင်း သိရသည်။

 

Water Bus များကို ဗိုလ်တထောင်-အင်းစိန်၊ ဗိုလ်တထောင်-သမ္မတဆိပ်ကမ်း၊ ပန်းဆိုးတန်း-အံ့ကြီးဆိပ်ကမ်း၊ လမ်းသစ်-ဆာပါချောင်အထိ ပြေးဆွဲပေးနေပြီး Water Bus ဆိပ်ကမ်းမှ YBS မှတ်တိုင်အထိ ဖယ်ရီ ယာဉ်ငယ်များဖြင့် ကြိုပို့ ပြေးဆွဲပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly