၅ နှစ်ကျော်ကြာ အချိန်ယူခဲ့ရတယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ပန်းချီပြပွဲ

၅ နှစ်ကျော်ကြာ အချိန်ယူခဲ့ရတယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ပန်းချီပြပွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။            ။ ၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ရတယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ပန်းချီဆရာ ထွန်းထွန်းဦးနဲ့ သိန်းထွန်းဦး တို့ရဲ့ကယ်ရီကေးချားအမျိုးအစား ပန်းချီပြပွဲကို ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65 မှာ ပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပန်းချီကားတွေကိုတော့ ကြမ်းခင်းစျေး ဒေါ်လာ ၅၀ ကနေ ၅၀၀ အထိသတ်မှတ်ထားပြီး နေ့စဉ်  နံနက် ၁၀ နာရီ ကနေ ညနေ ၆နာရီ အထိ ပြသသွားမယ်လို့လည်းသိရပါတယ်။

ဒီပန်းချီပြပွဲမှာတော့ ကယ်ရီကေးချားအမျိုးအစားတွေအပြင် ရှမ်းပြည်နယ်မှာရှိတဲ့ အလှအပ၊ ဝတ်စားဆင်ယင် မှုတွေကိုလည်း တွေ့ရပါတယ်။

ပန်းချီဆရာ ထွန်းထွန်းဦးနဲ့ သိန်းထွန်းဦးတို့ သူငယ်ချင်းနှစ်ယောက်တည်း ပြုလုပ်တဲ့ပွဲဖြစ်ပြီး နှစ် ၂၀ လောက် ကြာမှ သူငယ်ချင်းနှစ်ယောက် အတူပြဖြစ်ခဲ့တဲ့ပွဲလို့လည်း ပန်းချီဆရာ ထွန်းထွန်းဦးက ဆိုပါတယ်။

ပန်းချီဆရာ ထွန်းထွန်းဦးက ၂၈ ကားနဲ့ ပန်းချီဆရာ သိန်းထွန်းဦးက ကား၃၀ စုစုပေါင်း ၅၈ ကားကို ပြသထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly