ဖွင့်လှစ်ပြီးစီးခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး တံတားကြီးက သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်ကြောင်း တရုတ်တို့ အာမခံ

ဖွင့်လှစ်ပြီးစီးခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး တံတားကြီးက သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်ကြောင်း တရုတ်တို့ အာမခံ

ဒီဇင်ဘာ ၁၆ ။             ။ မကြာမီကာလက ဖွင့်လှစ်ပေးထားခဲ့တဲ့ ကမ္ဘာ့ အရှည်လျားဆုံးသော တံတားကြီးကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီ အကျိုးပြုနိုင်ကြောင်း တရုတ်တို့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အံမခန်း ဧရာမ အင်ဂျင်နီယာ ပညာရပ်နဲ့ ဆောက်လုပ်ထားတယ်လို့ အမွှမ်းတင်ထားတဲ့ ယင်းတံတားကြီးကတော့ ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပုလဲမြစ် မြစ်ဝကျွန်းပေါ်ဒေသရဲ့ ဂေဟစနစ်အပေါ်မှာလည်း ထိခိုက်ပျက်စီးစေနိုင်ဖို့ မရှိကြောင်း တရုတ်တို့က အာမခံသွားပါတယ်။

အဆိုပါ တံတားကြီးအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ထားရတာဖြစ်ပေမယ့် လာမယ့် နှစ် ၃၀ လောက်အတွင်းမှာပဲ အကျိုးအမြတ်တွေ ပြန်လည်ဖြစ်ထွန်းလာနိုင်တော့မယ်လို့ ယုံကြည်ကြောင်းလည်း ပေကျင်းအာဏာပိုင်တွေက ပြောသွားပါတယ်။

ဟောင်ကောင်၊ မကာအိုနဲ့ တရုတ် ပြည်မကြီးတို့ကို ဆက်သွယ်ပေးတဲ့ ယင်း ကမ္ဘာ့အရှည်ဆုံး တံတားကြီးကိုတော့  တည်ဆောက်ရာမှာတော့ ကုန်ကျစရိတ် ကန်ဒေါ်လာ ၂၀ ဘီလီယံမျှအထိ ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

အဆိုပါ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီးကိုတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်က အောက်တိုဘာ ၂၃ ရက်မှာ တရားဝင် ဖွင့်လှစ်ပေးထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required