ပြင်သစ်မှာ အစိုးရအမိန့်ကို အာခံပြီး အဝါရောင်အပေါ်အင်္ကျီဝတ် ဆန္ဒပြပွဲ သီတင်းငါးပတ်မြောက်အဖြစ် စုရုံး

ပြင်သစ်မှာ အစိုးရအမိန့်ကို အာခံပြီး အဝါရောင်အပေါ်အင်္ကျီဝတ် ဆန္ဒပြပွဲ သီတင်းငါးပတ်မြောက်အဖြစ် စုရုံး

ပါရီ၊ ဒီဇင်ဘာ ၁၅ ။           ။ ပြင်သစ်နို်င်ငံ ပါရီမြို့ စနေနေ့ နံနက်ခင်းမှာတော့ အဝါရောင် အပေါ်အင်္ကျီဝတ် ဆန္ဒပြသူတွေဟာ နာမည်ကြီး ရွှန်းမီလီစေးရိပ်သာလမ်းမကြီးမှာ စုရုံးရောက်ရှိလို့ လာပါတယ်။

ပြင်သစ်အစိုးရက အိမ်မှာပဲ နေကြရန် တိုက်တွန်းထားတာကို အာခံဖီဆန်ပြီး သီတင်းငါးပတ်မြောက် ဆန္ဒပြပွဲအတွက် စုရုံးလာကြတာပဲ ဖြစ်ပါတယ်။

သမ္မတအဖြစ် ဦးဆောင်စွမ်းနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား စိန်ခေါ်မှု ရင်ဆိုင်နေရတဲ့ သမ္မတ အမ်မန်နျူရယ်မက်ခရွန်ဟာ အဝါရောင် အပေါ်အင်္ကျီဝတ် လှုပ်ရှားမှု ဆန္ဒပြပွဲတွေ ပေါက်ကွဲထွက်တဲ့အထိ မဖြစ်ရအောင် တနင်္လာနေ့မှာ လိုက်လျောချက်တစ်ချို့ကို ကတိခံကြေညာထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လက စတင်လို့ တောနယ်ပိုင်းနဲ့ မြို့ငယ်တွေမှာ ဖြစ်ပွားပေါ်ပေါက်လာခဲ့တဲ့ ဒီဆန္ဒပြမှုတွေဟာ ဒီကနေ့ သီတင်းပတ် ငါးပတ်မြောက်အဖြစ် မငြိမ်းနိုင်ဘဲ ခုလို လူစုရုံးလာကြတာပဲ ဖြစ်ပါတယ်။

လောင်စာခွန် တိုးမြှင့်တာနဲ့ နေထိုင်စရိတ် ကြီးလေးတာကနေ စတင်ခဲ့တဲ့ ဒီဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဆူပူအကြမ်းဖက်မှုအသွင်ထိ ဖြစ်ပွားပြီး ပြင်သစ်နို်င်ငံတစ်ဝန်းက မြို့တွေမှာ အတားအဆီးတွေကို မီးရှို့တာ၊ လုယက်ဖျက်ဆီးတာနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့တာတွေအထိ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ မက်ခရွန်ကတော့ လောင်စာခွန် တိုးမြှင့်မယ့်အစီအစဉ်ကို ခြောက်လအထိ ရွှေ့ဆိုင်းတာ၊ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးတာတွေနဲ့အတူ အင်္ဂါနေ့မှာ ကြုံထားတဲ့ အကြမ်းဖက်တို်က်ခိုက်မှုတစ်ရပ်နဲ့ အလွန်အေးတဲ့ ရာသီဥတုအခြေအနေတွေကြောင့် လနဲ့ ချီ ဖြစ်ပွားနေတဲ့ ဒီ အဝါရောင် အပေါ်အင်္ကျီဝတ် ဆန္ဒပြမှုတွေ အဆုံးသတ်လိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required