ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ၊ အပိုင်း ( ၃ - နိဂုံးပိုင်း )

By ကိုမျိုးသန့်(မဇ္စျိမ)
15 December 2018
ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ၊ အပိုင်း ( ၃ - နိဂုံးပိုင်း )

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။   ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ  အပိုင်း ( ၃ ) မှာတော့ မြန်မာနိုင်ငံက စပ်ဆေးတွေ၊ စွန့်ပစ်ပစ္စည်းထိန်းသိမ်းတာတွေ၊ ဆေးယဉ်ပါးမှုကိုကာကွယ်ပုံတွေ၊ ပိုးသတ်ဆေးရဲ့ သဘောသဘာဝ စတဲ့ အကြောင်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။ ဆွေးနွေးပွဲမှာပါဝင်သူများကတော့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Dr . Stephan Paul Jost  ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့   ဒေါက်တာ မြရည်မွန် ဖြစ်ပါတယ်၊ ဆရာမ ဆိုရင်လည်း WHO ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ယောက်ကတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွန်ကြားရေးမူးချုပ် ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ဖြစ်ပါတယ်၊ ဆရာမက   အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကော်မတီရဲ့ အတွင်းရေးမူးပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့4R Health Talk အစီအစဉ်ကို ကမကထ ပြုပေးနေတဲ့  Mr.Ravind Jain ဖြစ်ပါတယ်၊ သူကတော့ 4R Consultancy Limited ရဲ့ Managing Director  ဖြစ်ပါတယ်ခင်ဗျား။

 မေး။ ။ ဒီပဋိဇီဝဆေးတွေကို လွဲပြီးသုံးတာရှိတယ်ဆိုတော့ ဒီလိုမျိုးသုံးစွဲနေကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ပြည်သူ ပြည်သားတွေကို ဆရာမဘာများ သတင်းအချက်အလက် ထပ်ဖြည့် ပြောချင်လဲ ခင်ဗျား။

ဖြေ။ ။ ပဋိဇီဝဆေးကတော့ အလွယ်လင့်တကူလေးတွေ ရနေတာလေးကို ကျွန်မတို့ ဖြေးဖြေးချင်း တော့ ပြုပြင်သွားရမယ်။ နောက်တစ်ခုက တခါတည်း တစ်လက်စတည်းမှာပြောချင်တာက ဖြည့်ပြောချင်တာ စပ်ဆေးနော် စပ်ဆေးအရမ်းသုံးတယ်၊  စပ်ဆေးဆိုတာတော့ နှာမွှန် ချောင်းဆိုး ဆိုလို့ရှိရင် ဆေးကုသမှု တကယ်ပေးနိုင်တဲ့ သူတွေဆီ မရောက်နိုင်တဲ့ အချက်လေးတွေလည်းပါတော့ ကွမ်းယာဆိုင်တို့ ဆေးဆိုင်သေးသေးလေးမှာ နှာမွှန်တယ်၊ ချောင်းဆိုးတယ်၊ ခေါင်းကိုက်တယ် မျက်ရည်ကျတယ် လက္ခဏာပြောလိုက်လို့ရှိရင် ဟုတ်ပြီ ဒါဆိုရင် အကိုက်အခဲပျောက်ဆေး အဖျားပျောက်ဆေး နှာမွှန်သက်သာတဲ့ဆေး Plus အားဆေး၊ အဲ့ဒါလေးတွေ ပေါင်းလိုက်တဲ့ စပ်ဆေးတွေကို ပေးလိုက်တယ် ၊နှစ်ရက်သောက်ပေါ့ နှစ်ထုတ်သောက်ပေါ့။ နှစ်ထုတ်ဆိုတော့ လက္ခဏာတော့ သက်သာသွားတယ်။ သူ့ရဲ့ ဆေးမြစ်က အခံက တစ်နေရာမှာ ရှိကောင်းရှိနေမယ် ထိရောက်တဲ့ဟာ မဟုတ်ဘူး ၊ ဆေးပတ်မလည်လိုက်ဘူး။ နောက်တစ်ခုက မှားပြီးတော့လည်း ဆေးဆိုင်က ဆေးထုတ်ပေးလိုက်နိုင်တယ် အဲ့ဒီထဲမှာလည်း တအားအရေးကြီးတယ် စပ်ဆေးက အရမ်းပါသွားတယ် ၊ စပ်ဆေးတွေကိုလည်း ကျွန်မတို့ မဖြစ်သင့်တော့တဲ့ အခြေအနေ ဖြစ်နေပြီ။ နောက်တစ်ခုက ဒီဆေးတွေကလည်း လုံခြုံစိတ်ချရတဲ့ ဆေးဖြစ်ဖို့လည်း လိုတယ်၊ အဲ့ကြောင့်မို့ တရားဝင်တင်သွင်းတဲ့ဆေးရော ဆေးအတုတွေကလည်း ရှိတယ်၊ ဒါကြောင့်မို့လို့ အစားအသောက်နှင့် ဆေးဝါးကုသမှုဦးစီးဌာနကလည်း ဒီစပ်ဆေးတွေကို သူတို့ ပြည်နယ်နဲ့ တိုင်းအလိုက် အဖွဲ့တွေကနေ ကြပ်ကြပ်မတ်မတ် ဥပဒေနဲ့ပါ သူတို့က ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အရေးယူတာတို့ ဆေးဆိုင်ပိတ်တာတို့ ဒါလေးတွေ သူတို့ သေသေချာချာ လုပ်ဆောင်တာကို ကျွန်မတို့ အရမ်းကျေနပ်ဖွယ်ရာတွေ့ရတယ်။ နောက်တစ်ခုက စပ်ဆေးရေ၊ နောက် ဗမာဆေးလိုလို အနောက်တိုင်းဆေးလိုလို ရောထားတဲ့ဆေးတွေ နာမည်ကတော့ ဥပမာအားဖြင့် နာမည်ကြီးတစ်ခုပေါ့နော်၊ ဗမာနာမည် ။ အထဲမှာက ဗမာ့တိုင်းရင်းဆေး စစ်စစ်မဟုတ်ဘူး၊ အဲ့ဒါကို Antibiotic တစ်ချို့၊ မနေ့ကဆိုလည်း ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွန်မှူးပြောသွားတာဆိုရင် ရက်လွန်ဆေးတွေကို လိုက်ဝယ်နေတဲ့ လူတွေရှိတယ်၊ အရမ်းကြောက်ဖို့ကောင်းတယ် အဲ့ဒါကို သူက ကြိတ်လိုက်တော့ ရက်လွန်တယ် သူက စပ်ဆေးရဲ့ အန္တရာယ် ရယ်၊ ဆေးအတုရဲ့ အန္တရာယ် အပေါင်း ၊ရက်လွန်ဆေး အန္တရာယ် မပျောက်တာအပြင်၊ ယဉ်ပါးတာအပြင် တစ်ခါမှ မမှန်တဲ့ magnitude of big problem က ရှိနေတယ် ဆိုတာ၊ ဒါတွေကိုလည်း FDA က သေသေချာချာလေး လိုက်လုပ်နေတယ်ဆိုတာ။ ဒါကလည်း အချိန်နဲ့ လူနဲ့အလိုက် အောင်မြင်သွားမယ်လို့ ကျွန်မထင်တယ်။ အဲ့ဒီတော့ ပြည်သူလူထုတွေကို အဓိကပေးချင်တဲ့ message က လက်ကျန်ဆေးကို ဆရာမတို့လည်း ရံဖန်ရံခါ amoxicillin ကို အပြီးမသောက်တော့ နှစ်တောင့်ကျန်ပေါ့၊ ဆိုတော့ ဆက်သောက်ရမှာပေါ့။ နောက်တစ်ခုက စပ်ဆေးအန္တရာယ်၊ အဲ့ကြောင့်မို့လို့ မြန်မာနိုင်ငံဆရာဝန်အသင်း ကနေပြီးတော့ နယ်လှည့်ပြီး ဟောပြောကြတယ်။ ဟောပြောတဲ့ နေရာတိုင်းမှာ ဒီစပ်ဆေးအန္တရာယ်၊ နောက်တစ်ခု ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ပြည်သူလူထုကြားကို ရောက်အောင် မြန်မာနိုင်ငံ MMA ပေါ့နော် Myanmar Medical Association ကနေ Talk တွေ လုပ်တယ်။ နောက်တစ်ခုက မနေ့ကလည်း ကျွန်မတို့ရဲ့ဆရာကြီးက ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌပါ ဒီအဖွဲ့ရဲ့၊ ဆရာကြီးက seriously က သင်ရိုးညွန်းတမ်းတွေမှာပါပါတယ်၊ curriculum ပေါ့၊ သင်ရိုးညွန်းတမ်းဆိုတာ  ဆေးဝါးနဲ့ ဆေးနှင့်နှီးနွယ်သော သူနာပြု Nursing  ၊ Paramedical ၊ Public Health University ထဲမှာ ထည့်သွင်းထားပါ။ နောက်အနဲဆုံး ဘွဲ့လွန်တွေရဲ့ ကျမ်းပေါ့ research  thesis တွေမှာ minimum 20 to 25 % ကို၊  ဒီ AMR thesis paper  တွေဖြစ်အောင် ကြိုးစားပေးပါ။ အဲ့ဒီလိုမျိုးတွေ ပြောသွားပါ တယ်၊ အင်မတန်အားရ ကျေနပ်ဖို့ ၊ အင်မတန်လည်း အားတက်ရပါတယ် ။    ဆေးသုတေသန ပိုင်းဆိုင်ရာ  research အပိုင်းတွေ၊ နောက်တစ်ခု ကျွန်မတို့ တစ်ခါတည်း ပြောချင်တာက National Action Plan for AMR ပေါ့နော် အဲ့ဒါကို ကျွန်မတို့ရေးလိုက်မယ်။ အဲ့ဒါကလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က Globle Action Plan for AMR ကို ကျွန်မတို့က မှီငြမ်းပြီးတော့ ကျွန်မတို့က အများကြီး ရေးလိုက်တာ အဲဒီထဲမှာ strategy တွေပါတယ်၊  အဲ့ဒီတာဝန်ကို လုပ်ဆောင်ရမည့် အလုပ်တွေရဲ့ လုပ်ငန်းစဉ်တွေထဲမှာရော လုပ်ဆောင်နိုင်ဖို့ဆိုပြီးကျွန်မတို့ technical working group ငါးခု ဖွဲ့လိုက်တာ ၊ နံပါတ် တစ်က awareness  ၊  အခု ကျွန်မတို့ ဒီနေ့ပြောတဲ့ အလုပ်သည် ဒီအထဲက အလုပ်ကို လုပ်ဆောင်နေတာ။  နံပါတ်နှစ် က surveillance ပေါ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကူအညီရော မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုတွေရော ကျွန်မတို့ ဆေးရုံနဲ့ ဆေးခန်းတွေမှာ ဘယ်လောက်ထိ ဒီဒေတာတွေ သိနေသလဲ ၊ ခုန ၁၅ရာခိုင်နှုန်း ၄၈ ရာခိုင် နှုန်း ဒီလိုပြောနိုင်ဖို့ အတွက် ကျွန်မတို့သည် ရောဂါရှာဖွေရေးနည်းပညာတွေ ဖွံ့ဖြိုးရမယ်။ ရောဂါ ဆေးဝါးကုသမှုဆရာဝန်တွေရဲ့ လုပ်အားတွေနဲ့ ပညာရှင်တွေရဲ့ လုပ်အားတွေနဲ့ ဒါတွေလုပ်တယ်။ နံပါတ်သုံး အနေနဲ့ကကျတော့ infection prevention control ခေါ်တယ်၊ ကူးစက်ရောဂါတွေကို ဘယ်လိုထိန်းမလဲ ၊ဘယ်လိုကာကွယ်မလဲ၊ ဥပမာ လက်ဆေးခြင်း ။  နောက်တစ်ခုက လယ်ယာ စိုက်ပျိုးရင်းနဲ့ ကျွန်မတို့ စားတဲ့အထိ ဘယ်လောက်ဖြစ်မလဲ ၊ဒါတွေကို ကျွန်မတို့ လုပ်ဆောင်တယ်။ နံပါတ်လေး ကတော့ ဥပဒေဂိုက်လိုင်းတွေကို သေသေချာချာကျင့်သုံးရဲ့လား၊ ဥပမာ ခွဲစိတ်ဆရာဝန် တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့လုပ်ဆောင်ဖြစ်ရဲ့လား၊ ကုသတဲ့ ဆရာဝန်တွေကကော ဒီရောဂါသည် ဒီလက္ခဏာ ဟိုဟာပေါ့၊ နှာပြည်စုတ်ကိုအမြှောက်နဲ့ ပစ်တယ်လို့ ကျွန်မတို့ လွယ်လွယ်လေးနဲ့ ပြောနေကြတယ်၊ အများသုံးနေသလား၊ ရောသုံးသလား ။ guide line တွေကို သေချာစိစစ်တာလုပ်ရဲ့လား။ နံပါတ်ငါးက research innovative သုသေသန နှင့် တီထွင်ဆန်းသစ်မှု တွေပေါ့။ ခုနလိုမျိုး ဆေးကျောင်းတွေမှာ တက္ကသိုလ်တွေမှာ thesis  အနည်းဆုံး ဆေးယဉ်ပါးမှု ဘယ်လောက်တော့ပါအောင် လုပ်ပေးပါ။ ပြည်ထောင်စုဝန်ကြီးက ဘယ်လောက်ထိပြောနေရင် သင်ရိုးညွန်းတမ်းပါပြီးတော့ စာမေးပွဲမှာရော ထည့်မေးရဲ့လား၊ မေးခွန်းမှာပါမှ တက္ကသိုလ်က ကျောင်းသားကလုပ်တာ၊ ဒီလောက်ထိကို ပြည်ထောင်စုဝန်ကြီးက အလေးထား တာကို ဖြစ်တယ်ပေါ့။ အဲ့ဒါမျိုးတွေ ကျွန်မတို့ လုပ်ဆောင်သွားမယ်ဆိုရင် လုပ်ဆောင်တဲ့ နည်းတွေနဲ့ပေါ့နော်၊ ကျွန်မတို့ ဒီ Antibiotic ရဲ့ ယဉ်ပါးမှု အန္တရာယ်ပေါ့၊ ကျွန်မတို့ တိုက်ဖျက်နေပါတယ်။ ဒါကြောင့်   ဆရာမျိုးသန့် မေးခွန်းအတိုင်း ပြည်သူလူထုကို ဘာတွေပြောချင်သလဲဆိုရင်တော့ ပြည်သူလူထုတွေ ဒီ awareness ကိ်ု ဒီ Program ကို ကြည့်ကြပါ၊ MR TV ကလည်း ရိုက်ပါတယ် ကြည့်ကြပါ။ သတင်းစာတွေထဲမှာ ဖတ်ကြပါ။ Facebook တွေကနေ ပြောတဲ့ဟာတွေ၊ ပြီးတော့ မိမိရဲ့ မိသားစု မိမိတစ်ပိုင်တစ်နိုင် ဒီစာအုပ်ထဲမှာ ရေးသလို မိမိကိုယ်တိုင် ဘာလုပ်နိုင်သလဲ ၊ သူနာပြု ဘာလုပ်မလဲ၊ မိမိပတ်ဝန်းကျင် ဘာလုပ်နေသလဲ ဒါကို အထဲမှာ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ပဋိဇီဝယဉ်းပါးမှု တိုက်ဖျက်မှု အန္တရာယ် ကို တကယ်တမ်းဖြစ်ရင်တော့ သောက်ရမှာပေါ့၊ ဆေးပတ်လည်အောင် သောက် ၊ မှန်အောင်သောက်၊ ညွန်ကြားချက်အတိုင်းသောက် အဲ့ဒါသိပ်အရေးကြီးတယ်။ နောက်တစ်ခုက လူ့ကျန်းမာရေး တိရစ္ဆာန်ကျန်းမာရေး တစ်ဆက်တစ်စပ်တည်း ဖြစ်တယ် ။ နောက်တစ်ခုက infection direction control ဖြစ်လို့ waste management ဘယ်လောက်ထိ ကျွန်မတို့ဆီကနေ ထွက်လာတဲ့ ဆေးရုံတွေကနေထွက်လာတဲ့ waste တွေသည် ပတ်ဝန်းကျင်ထဲ ဘယ်လောက် ပြန့််နေသလဲ ၊ အဲ့ဒါဆိုရင် အဲ့ဒီ waste ကနေပြီးတော့ ဒီ immune  ဖြစ်ပြီးသား ၊ ရန်ကုန်ဆေးရုံကြီးကနေပြီးတော့ ဥပမာ အထူးကြပ်မတ်ကုသဆောင်ကနေ ထွက်လာတဲ့ ရေ၊ ဒီရေဟာ ကျွန်မတို့ ပတ်ဝန်းကျင်နဲ့ မဆက်မစပ်တဲ့ရေ ဖြစ်ရမယ် waste management က ။ အဲ့ဒါဆိုရင် ဒီဆေးရုံလည်း မတက်ဘဲနဲ့ အလိုလို ဒီရေထိတဲ့သူကတော့ သေချာပေါက် ရပြီ။ ဒါကြောင့် မို့လို့ ကျွန်မတို့ ကိုင်တွယ်နေတဲ့ ပစ္စည်းတွေ ၊ ကျွန်မတို့ သုံးစွဲတဲ့ ရေတွေ၊ ဆေးရုံဆေးခန်းက စွန့်ပစ်ပစ္စည်းဆိုတာ သိပ်အရေးကြီးတယ် မြူနီစပယ်ဘက်မှာ အထူးဦးစားပေးရမယ့် ပတ်ဝန်းကျင် သန့်ရှင်းရေး ၊ အဲ့ဒီတော့ ရန်ကုန်မြူနီစပယ်၊ မန္တလေးမြူနီစပယ်  ရှိသမျှ မြန်မာပြည်ရဲ့ မြူနီစပယ်တွေ အားကောင်းဖို့ လိုအပ်တယ် waste management ထိန်းဖို့လိုအပ်တယ် ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အကုန်လုံးပေါ့။ ဒါတွေအကုန်လုံးက ကျွန်မတို့ ဆက်စပ်နေပါတယ်။  

မေး ။ ။   တကယ်လို့ ဆေးယဉ်ပါးပြီးလို့ရှိရင် သူ့အနေနဲ့ side effect က ဘာဖြစ်လာနိုင်လဲ၊ ဘာရောဂါတွေဖြစ်လာနိုင်သလဲ။

ဖြေ။ ။ ဆေးယဉ်ပါးလို့ရှိရင် ခုနအစောပိုင်းမှာ ပြောခဲ့သလို ပျောက်နေကျရောဂါမပျောက်တော့ဘူး။ နမိုးနီးယား၊ ကျွန်မတို့လွယ်လွယ်ပဲ သုံးနေလို့ရတဲ့ဆေးတွေ ပျောက်လေ့ပျောက်ထရှိတယ်။ အဲ့ဒီ နမိိုးနီးယားက တစ်ခြားနဲ့ အပြင်းထန်အဆုပ်ရောင်နမိုးနီးယားတို့၊ တီဘီကြောင့်ဖြစ်တဲ့ နမိုးနီးယားတို့ HIV ကြောင့်ဖြစ်တဲ့ နမိုးနီးယားတို့ မဟုတ်ရင် သာမှန်အဆုပ်ရောင်ရောဂါသည် ပျောက်ပါတယ်။ အခုမပျောက်တော့ဘူး၊ ရေရှည်ဖြစ်လာတယ်၊ ကုသတဲ့ duration  ကျပါတယ်၊ ကုသတဲ့ Antibiotic က နှစ်ခုသုံးခုပေါင်းစပ်၊ ဘာမှမရတော့ဘူး၊ ဆေးလုံးဝ ရှာမရတော့တဲ့ အဆင့်ဖြစ်သွားနိုင်တယ်။ တစ်ချို့ဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ဆေးကိုပေးတာတောင် ဘာမှမပျောက်တော့ဘူး။ နောက်တစ်ခု အရေးကြီးတာ social economic impact အဲ့ဒါအထိကို သူကဖြစ်တယ်။ သူတစ်ယောက်တည်း ခံစားရမှာလားတော့ မဟုတ်ဘူး။ နိုင်ငံတော်က စိုက်ထုတ်ရမယ်၊ သူ့ကုန်ကျငွေစရိတ်များလာမယ်၊ နောက် သူသည် အလုပ်လုပ်နိုင်တဲ့ အင်အား အသက်အရွယ်ဆိုရင် ကျွန်မတို့တိုင်းပြည်အတွက် လူသားအင်အား အရင်းအမြစ်တစ်ခု ဆုံးရုံးသွားပါတယ်၊ social economic တအားဆုံးရုံးသွားတယ်၊ အဲ့ဒီတော့ အဲ့ဒါမျိုးတွေလည်းဖြစ်လာမယ်။ နောက်တစ်ခုက ငှက်ဖျားရောဂါ တွေ ဆေးယဉ်ပါးလာတယ် ။ ငှက်ဖျား၊ တီဘီ ၊ နောက်တစ်ခုက HIV ကို အခုကျွန်မတို့ ART က လူတိုင်းကို ပေးနေပြီ၊ HIV ဖြစ်တဲ့သူတွေ ART ကို လုံလုံလောက်လောက်ရတယ် ။ အဲ့ဒီဆေးကိုမှ ယဉ်ပါးရင်ရော၊ ဒီဆေးကို ကျွန်မတို့ ရဖို့အတွက် သုတေသန နှစ်တွေအများကြီး စောင့်ခဲ့ရတယ်။ ဒီဆေးယဉ်ပါးရင် နောက်ဆေးရှိမလား။ အဲ့ဒါတွေ အရမ်းအရေးကြီးတဲ့ Question ပါ။ ဒါကြောင့်မို့လို့ ဒီဆေးယဉ်ပါးလာမယ် ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြီးနဲ့ နောက်ဆက်တွဲ လက္ခဏာ ဆိုတာကတော့ ခုန ပျောက်လက်စဆေး မပျောက်တော့ဘူး။ ငါးရက်နဲ့ပျောက်တဲ့ ရောဂါလို မပျောက်တော့ဘူး၊ ဒါကတော့ လက္ခဏာ။ နောက်တစ်ခုက ဓာတ်ခွဲခန်းက ပြောမယ် အရင် multi right resistant  အကုန် R R R R ၊ organism သိတယ်။ အခုပျောက်နေကျဆေး မပျောက်တော့ဘူး၊    physician surgeon ကိုခေါင်းကိုက်စေတယ်၊ ခေါင်းကိုက်စေတဲ့ ဘဝကို ကျွန်မတို့ရောက်လာတာ ပေါ့နော် အဲ့ဒီလိုတွေပါ။

Mr.Ravind ။ ။ ဒီမှာ ဆိုလို့ရှိရင် ဒီ ပဋိဇီဝဆေးတွေ အလွယ်တကူ ရနေတာပေါ့နော်။ တကယ့်တကယ်ကျလို့ရှိရင် ဆရာဝန်ကနေပြီးတော့ ရေးပေးလိုက်တယ်။ ဥပမာ ပဋိဇီဝဆေး ငါးမျိုးပေါ့ သွားပြီးတော့ ဝယ်ခိုင်း၊ သောက်ခိုင်းတယ်။ ဒါဆိုလို့ရှိရင် သူက သုံးမျိုးလောက်ဝယ်ပြီးတော့ သောက်လာတယ်၊ ပြီးလို့ရှိရင် ငါးရက်သောက်ရမယ့် နေရာမှာ ငါးရက်သောက်ပါဆိုရင် သူက သုံးရက်လောက်သောက်တယ် သက်သာသွားတဲ့အခါကျတော့ ကျန်တဲ့ဆေးကို သူက မသောက်တော့ဘူး ဆိုတဲ့အခါကျတော့ အဲ့ဒီလိုမျိုးအခြေအနေမှာပေါ့လေ၊ ဒီအခြေအနေတွေကို ပြည်သူလူထုကို ဒီလိုမျိုး ပဋိဇီဝဆေးတွေကို ဘယ်လိုမျိုး စနစ်တကျ သောက်သုံးသင့်တဲ့ အကြောင်း ဘယ်လိုမျိုး ပညာပေးဖို့ရှိမလဲ ။

ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ။ ။ ပြောတဲ့ထဲမှာလည်း တော်တော်များများတော့ ပါသွားပါပြီ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီဟာသည် အန်တီမိုက်ခရိုရီးယက် ရီစစ်စတန့် သည် အရမ်းအရေးကြီးတဲ့ ပြဿနာသဖွယ် သတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ ကော်မတီ ဖွဲ့လိုက်တယ်၊ အဲ့ဒီ ကော်မတီထဲမှာက ကျန်းမာရေးဝန်ကြီးဌာန အပြင် ခုနကျွန်မတို့နဲ့ လက်တွဲ လုပ်ဆောင်မယ့် မွေးမြူရေးအဖွဲ့အစည်းတွေ ပါတယ်။ ဒါတွေကို ထိန်းချုပ်ဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာနပါတယ်။ နောက်တစ်ခုက ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန မှာလည်း သူရဲ့ကိုယ်ပိုင် ဆေးတက္ကသိုလ်တွေ ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကနေပြီးတော့ လုပ်ဆောင်တဲ့ ကိုယ်စားလှယ်တွေပါတယ်၊ နောက်တစ်ခုကျတော့ UMFCCI တို့ လိုမျိုး ပစ္စည်းများကို အဓိကတင်သွင်းတဲ့ ဆေးဝါးကုန်သည်ကြီးများအသင်းကလူတွေပါတယ်၊ Private hospital ၊ မြန်မာနိုင်ငံမှာ Private hospital က တအားဖွံ့ဖြိုးတယ်၊ ဖွံ့ဖြိုးလာတာပေါ့ Private hospital က ကိုယ်စားလှယ်တွေပါတယ်၊ သူနာပြုအသင်းတွေပါတယ်၊ သားဖွားအဖွဲ့တွေပါတယ်၊ ဆေးပညာရှင် ဆေးကောင်စီတွေပါတယ် ၊ အဲ့ဒီအဖွဲ့တွေနဲ့ ပေါင်းစပ်တဲ့အဖွဲ့တွေကနေပြီးတော့ ဒါတွေ  ဘုံလုပ်ငန်းအနေနဲ့ common task  အနေနဲ့ သူတို့ သတ်မှတ်ပြီးတော့ ကျွန်မတို့ဘက်က လုပ်ဆောင်တယ်။ နောက်တစ်ခုက ခုနတုန်းကလည်း FDA ဖက်ကလည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကနေပြီးတော့လည်း ဒီလိုမျိုးဟာကိုလည်း registration လုပ်ထားပြီးတော့ FDA အသိအမှတ်ပြုတဲ့ registration drug တွေကိုပဲ သုံးစွဲရန် ၊ အရည်အသွေး မပြည့်မှီတဲ့ ဆေးတွေ မဖြစ်ရန် ၊  ဆေးအတုတွေမဖြစ်ရန် ၊ နောက်တစ်ခုက စပ်ဆေးတွေမဖြစ်ရန် သူတို့ဘက်က လုပ်ဆောင်တယ် ။ နောက်တစ်ခုက  ညွန်ကြားမှသာ ဆေးရောင်းရန်ဆိုတဲ့ အဆင့်ကိုကျတော့ ဒီပုဂ္ဂလိက ဆေးလုပ်ငန်းရှင်အသင်း အနေနဲ့လည်း ဝန်ကြီးဌာနဖက်ကနေပြီးတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေရှိတယ်။ နောက် အဲ့ဒါတွေကိုလည်း စောင့်ကြည့်ဖို့က သိပ်အရေးကြီးတယ်။ စဉ်ဆက်မပြတ် သတ်မှတ်ချက်အတိုင်း လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့ ကျွန်မတို့ အဖွဲ့ကနေပြီးတော့ ဆက်လက်ပြီးတော့ ဝန်ကြီးဌာနပေါင်းစုံ ပေါ့နော်၊ ဒီအဖွဲ့ကနေဆက်လက်ပြီးတော့ စောင့်ကြပ်ကြည့်ရှုမယ့် လုပ်ငန်းစဉ်တွေလည်းရှိပါတယ်။ နောက်တစ်ခုက မဖြစ်ရင် မသောက်ရင် အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရောဂါပိုးမကူးစက် နိုင်အောင် မိမိကိုယ်ခံစွမ်းအားတွေကို မြှင့်တင်မယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး လက်သန့်ရှင်းရေး ကျန်းမာတဲ့သန့်ရှင်းရေး အဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားမယ်၊ အဟာရပြည့်ဝတဲ့ အစားအစာ စားသောက်ဖို့အတွက် ခုန food safety ၊ ကြွင်းကြွင်းကျန်ကျန်တွေကို ကျွန်မတို့ မစားမိဖို့အတွက်လည်း ခုန တခြားဆက်စပ်ဝန်ကြီးဌာန ကလည်း သူ့အပိုင်းသူ လုပ်ထားမယ် ဒီလိုတွေနဲ့တော့ ကျွန်မတို့ လုပ်ဆောင်မှုတွေ ရှိပါတယ်။

Dr . Stephan Paul Jost   ။ ။   WHO အနေနဲ့ ဆရာမပြောတာ ပြည့်စုံသွားတဲ့ အတွက်ကြောင့်မို့လို့ သိပ်ပြီးတော့ အများကြီးထပ်ပြောစရာတော့ မလိုပါဘူး၊ အဲ့ဒီတော့ WHO အနေနဲ့ကျတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အတူတူ လက်တွဲပြီးတော့ ဒီကိစ္စတွေမှာ ဆောင်ရွက်နေတယ်၊ အထူးသဖြင့်   ခုနဆရာမ ပြောသလိုမျိုး တကယ်ကို ဆေးကို တကယ်လိုအပ်မှ သောက်ရမယ့် ဟာမျိုးပေါ့။ တကယ်ကို သင့်တင့် လျောက်ပတ်စွာ ပဋိဇီဝဆေးကို သုံးစွဲတာမျိုးတွေမှာ အားကောင်းလာအောင်လုပ်ဆောင်ပေးတယ်၊ ဥပမာဆိုလို့ရှိရင်  တကယ်ဆေးကို လိုအပ်မှသောက်မယ် သောက်တဲ့အခါမှာလည်းပဲ ဆေးပတ်လည် အောင်၊ အဲ့ဒီအချက်ကို လုပ်ရင်ကိုပဲ တော်တော်လေးကို အဆင်ပြေနေပြီပေါ့၊ ဒီကိစ္စတိုက်ဖျက်တဲ့ နေရာမှာ တော်တော်အောင်မြင်တယ်ပေါ့။ ဒါဟာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အတွက် အဲ့ဒီအဆင့် ကလေးကို လုပ်လိုက်ရင်ကိုပဲ ရှေ့တော်တော်ရောက် သလိုဖြစ်သွားလိမ့်မယ် ။ နောက်တစ်ခုကကျ တော့ ဆရာမကြီး ဒေါ်ဌေးဌေးတင်ပြောသလိုမျိုး ဘယ်တော့မှ ပိုးသတ်ဆေးတွေ ကို တစ်ယောက်ကို တစ်ယောက် မျှဝေတာမျိုးပေါ့နော် ၊ ကျန်တဲ့ ပိုးသတ်ဆေးကို ဆက်ပြီးတော့ နောက်တစ်ခါဖြစ်ရင် သောက်ဖို့ချန်ထားတာမျိုး၊ ချန်ထားပြီးတော့ နောက်တစ်ခေါက် တကယ်ဖြစ်တဲ့အခါကျ ထပ်သောက်တာမျိုး၊ ဒါမျိုးတွေမလုပ်သင့်ဘူးပေါ့နော်၊ နောက်တစ်ခုကကျတော့ ခုနရောဂါပိုး ဆက်ပြီးတော့ ကူးစက်ရောဂါပိုးတွေပေါ့နော်၊ တစ်နေရာနဲ့ တစ်နေရာ မပျံ့ပွားအောင် ကိုယ့်ဆီကနေ တစ်ခြားဆီကိုမရောက်အောင် ထိန်းချုပ်တာမျိုးကို လုပ်ရမယ်။ နောက်တစ်ခုကကျတော့ food safety လို့ခေါ်တဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးပေါ့၊ အဲ့ဒါဟာ အရမ်းအရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့  လူသားတွေ အားလုံးဟာ အစားအသောက်ပေါ်မှာပဲ မှီတည်နေရတာကြောင့်မို့လို့ဖြစ်ပါတယ်။ အဲ့ဒီတော့ အစားအသောက်ထဲမှာ ဆိုလို့ရှိရင် ပိုးသတ်ဆေး အကြွင်းအကျန်တွေ နောက်ပြီးတော့ ခုနပြောတဲ့ စိုက်ပျိုးရေးမှာသုံးတဲ့ ပက်တီဆိုက် လို့ခေါ်တဲ့ ပိုးသတ်ဆေးပဲပေါ့နော်၊ အဲ့ဒီဆေးအကြွင်းအကျန်တွေ ကျန်နေမယ်၊  ဒါကြောင့်မို့လို့ ဒီအစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ဆိုလို့ရှိရင် လည်းပဲ ဒီဆေးယဉ်ပါးမှုပြဿနာကို ဖြစ်စေတဲ့အထဲမှာ၊ တိုက်ဖျက်တဲ့ နေရာမှာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ် ပေါ့။ ဒါကြောင့်မို့လို့ ဒီ WHO အနေနဲ့လည်းပဲ အရေးကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်တဲ့ market surveillance  လို့ခေါ်တဲ့ ဈေးကွက်တွေထဲမှာ သွားပြီးတော့ ပေါ့နော်၊ ကြည့်ရူတာမျိုးကို အဲ့ဒီလိုလုပ်ငန်းမျိုးကို တိုင်းပြည်ရဲ့ တာဝန်ရှိဌာနတွေ လုပ်ဆောင်ဖို့ပေါ့နော် တိုက်တွန်းပြီးတော့ ပံ့ပိုးပေးပါတယ်၊ တိုက်တွန်းပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အစားအသောက် ဈေးကွက်တွေကိုသွားမယ်၊ ဈေးကွက်တွေထဲမှာ ရှိနေတဲ့ ဆေးတွေဟာ တကယ်တမ်းပဲ ဆေးအတုတွေလားပေါ့၊ အရည်အသွေးမီတဲ့ ဆေးတွေဖြစ်နေရဲ့လားပေါ့၊ ဒါမျိုးတွေကို သွားရောက်ပြီး စစ်ဆေးတာမျိုးတွေကို လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေဆိုတာ အရမ်းအရေးကြီးပါတယ် ။ နောက်တစ်ခုက ဒီနေရာမှာ ဆိုလို့ရှိရင် ခုနပြောသလိုမျိုး မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် FDA ပေါ့နော်။ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနပေါ့ FDA တို့ ဘာတို့က အရမ်းအရေးကြီးပါတယ်။ နောက်တစ်ခုကကျတော့ laboratory ပေါ့၊ ဓာတ်ခွဲခန်းတွေ ဓာတ်ခွဲခန်းတွေရဲ့ ကဏ္ဍကလည်း အရမ်းအရေးကြီးပါတယ်။ ဓာတ်ခွဲခန်းတွေကသာလျှင် တကယ်ဖြစ်နေတဲ့ data တွေကို ဖော်ထုတ်ရမှာ ဖြစ်တယ်၊ အဲ့ဒီကနေပြီးတော့မှ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ အနေနဲ့ အမြန်ဆုံး action ယူနိုင်ဖို့အတွက်ပေါ့နော်။ ဒါမျိုးတွေကို ဓာတ်ခွဲခန်း အခန်းကဏ္ဍက အရေးကြီးပါတယ်။ အဲ့ဒီတော့ ဒီလိုမျိုး ဒီအစိတ်ပိုင်း အစိတ်ပိုင်းတွေ အားလုံးက ကောင်းကောင်းအလုပ် လုပ်နိုင်ဖို့အတွက် WHO အနေနဲ့ အားလုံးကို ပံ့ပိုးပေးလျှက်ရှိပါတယ်။

Mr.Ravind ။ ။ လောလောဆယ် ဒီကမ္ဘာပေါ်မှာ ပိုးသတ်ဆေးအသစ် မထွက်တာက တော်တော်ကြာ ပါပြီ၊ အဲ့ဒီတော့ ပဋိဇီဝဆေး တွေဟာ ကုမ္ဗဏီကြီးတွေကလည်းပဲ အသစ်အထုတ်နိုင်သေးဘူး။ အဲ့ဒီအခါကျတော့   အရပ်အခေါ်အဝေါ်ဆိုလို့ရှိရင် ပိုးသတ်ဆေး အပြင်းစားတွေပေါ့။   အဲ့လိုပိုးသတ်ဆေး အပြင်းစားတွေကို ဘယ်လိုသုံးသင့်သလဲ၊ တကယ်ပဲ  တင်းတင်းကျပ်ကျပ်နဲ့ သုံးသင့်သလား၊ အဲဒါ သုံးစွဲတာနဲ့ ပတ်သက်ပြီးတော့ ဆရာ၊ဆရာမတို့ အမြင်ကို သိလိုပါတယ် ။

Dr . Stephan Paul Jost   ။    ။ Mr.Ravind Jain ပြောသလိုပါပဲ တကယ့်အရေးကြီးတဲ့ ပိုးသတ်ဆေးပေါ့ ဥပမာ Vancomycin ၊ ပိုးသတ်ဆေးအပြင်းစားတွေဖြစ်တဲ့ ဒုတိယနဲ့ တတိယမျိုးဆက်တွေကို  တကယ်ကိုပဲ safe guard လုပ်ထားဖို့လို တယ်။ တကယ်သေသေချာချာ သုံးစွဲဖို့လိုတယ်ပေါ့နော်၊ နောက်တစ်ခုကကျတော့ ဒီဆေးတွေရဲ့ အာနိသင်တွေ အစွမ်းသတ္တိတွေကို ပျောက်ဆုံးသွားမှာ ဖြစ်တယ်၊ ရောဂါတွေကို ပျောက်အောင် မကုပေးနိုင်တော့ဘူး၊  နောက်တစ်ခုကျတော့ အထူးသဖြင့် ဥပမာ TB လိုဟာမျိုးပေါ့ နော်၊ ဒါပေမယ့် အခုဆိုလို့ရှိရင် TB မှာမှ ရိုးရိုးTB ရော နောက် ရင်သားTB ကိုကော   ကုနိုင်တဲ့ နည်းလမ်း တွေ ပေါ်လာပြီပေါ့။ TB ဆိုလို့ရှိရင် ဆရာ၊ဆရာမတို့ အားလုံးကြားဖူးမှာပါ။ DOT လို့ခေါ်တယ်ပေါ့နော် DOT ဆိုတာ ဆေးသောက်တဲ့အချိန်မှာ လူနာကို တစ်ခါတည်း ဆရာမရှေ့မှာ တစ်ခါတည်း သောက်စေပေါ့၊ ဆရာမဆိုရင် လူနာက တစ်ကယ်ဆေးသောက် မသောက်ဆိုတာ တစ်ခါတည်း မြင်မှာကိုး။ အဲ့ဒီတော့ အဲ့ဒီလိုဟာမျိုးတွေကို အဲ့ဒီလို program မျိုးဟာဆိုရင် တကယ်တမ်းတော့ ဆေးယဉ်ပါးမှု လျှော့နည်းသွားအောင်လုပ်တဲ့ ထဲက ဥပမာတစ်ခုဖြစ်တယ် ။ အဲ့ဒီတော့ အရေးအကြီးဆုံးကတော့   ဒီဆရာဝန်၊ဆရာမတွေရဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံဉာဏ်ကို တကယ်ကို လိုက်နာသင့်ပါတယ်။ နောက်တစ်ခုကကျတော့ အဲ့ဒီလိုမှသာလျင်လည်းပဲ   ပိုးသတ်ဆေး တွေကို ရေရှည်အနာဂတ်အတွက်ကို သေချာထိန်းသိမ်းပေးနိုင်မှာဖြစ်တယ်၊ အနာဂတ်မှာလည်း ရောဂါတွေကို ပျောက်ကင်းအောင် ကုပေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာရော WHO အနေနဲ့ ကတော့ အားလုံးသက်ဆိုင်ရာ ကဏ္ဍအသီးသီး ဆက်စပ်နေတဲ့ ကဏ္ဍအသီးသီးမှာ ရှိနေတဲ့ ပညာရှင်တွေ နောက်ပြီးတော့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ထပ်ပြီးပြောချင်တာက   ကိုယ့်ကိုယ်ကိုယ် ပေါ့နော် စည်းကမ်းတကျလေး သုံးစွဲဖို့အတွက်က ပြည်သူတိုင်း ပြည်သူတိုင်း လူတိုင်းလူတိုင်းမှာ အရေးကြီးတယ် အဲ့ဒီလိုဟာမျိုးလုပ်ပေးနိုင်မယ် ဆိုလို့ရှိရင်ဖြင့်  တစ်ချိန်တည်းမှာ ရောဂါဆိုးတွေ နောင်တစ်ချိန်မှာ ပြန်ပြီးခေါင်းမထောင်နိုင်အောင်၊ အဲ့ဒီလို တိုက်ဖျက်တဲ့ အခါမှာ အရေးကြီးပါတယ်။

 ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ။ ။   အူလမ်းကြောင်းက ရောဂါက Vancomycin ကို မကြောက်တော့တာက ကျွန်မတို့ အမျိုးသားကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲခန်းအဆိုအရ ၁၆ ရာခိုင်နှုန်း၊   အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ဒီ Objective ငါးခုထဲမှာ နောက်ဆုံးနံပါတ် ကတော့ Government ဆိုင်ရာကရော တစ်ကမ္ဘာလုံးကရော new antibiotic တွေ အသစ်ဖြစ်လာဖို့အတွက် အရေးကြီးအနေနဲ့ အထူးဦးစားပေးသတ်မှတ်ဖို့၊ နောက်တစ်ခုက ဆေးဝါးထုတ်လုပ်တဲ့စက်ရုံတွေကို new antibiotic တွေ ထုတ်လုပ်ဖို့ အတွက် သူတို့ကို အားပေးဖို့ အားမြောက်ဖို့ တိုက်တွန်းပေးဖို့ အဲ့ဒီလိုသူတို့ လုပ်နိုင်ဖို့ အတွက်လည်း Government တွေကနေ အစိုးရဖက်လည်း စီးပွားရေးဆန်ဆန် လုပ်နေတာပဲ ဆိုပြီးတော့ မဟုတ်ဘဲနဲ့ အားပေးဖို့ ကူညီဖို့ new antibiotic တွေ ထွက်ဖို့ တအား လိုအပ်နေပြီ ။   နောက်တစ်ခုက ကိုလက်စတင် ပေါ့ ။ ကိုလက်စတင်က ကျွန်မတို့ လူမှာ သိပ်မသုံးထားဘူး ချန်ထားတာ၊ ကျွန်မတို့ အဲ့ဒါ တိရစ္ဆာန်မွေးမြူရေးဘက်က သုံးလာတာလေးတွေ တွေ့ရတယ်။ အဲ့ဒါကြောင့် တိရစ္ဆာန်မွေးမြူရေးဖက်ကိုလည်းပဲ ကိုလက်စတင် မသုံးနဲ့ ၊သူပါ သုံးမိရင် ကျွန်မတို့မှာ ဆေးမရှိတော့ဘူး။ အဲ့ဒါမျိုးလေးတွေပေါ့  ၊ ဒါကြောင့်မို့လို့   ရင်းနှီး မြူပ်နှံမှုကို အားပေးပါ။     မြန်မာနိုင်ငံလို အနေနဲ့က အသစ်တီထွင်ဖို့ဆိုတာ မြန်မာနိုင်ငံလိုက မဖြစ်နိုင်ဘူး ၊ အဲ့ဒီတော့ အနောက်ဖက်က အင်အားကြီးနိုင်ငံတွေက အသစ်ထွက်တဲ့ antibiotic အသစ်ထွက်လာရင်လည်း တစ်ခြားနိုင်ငံတွေက ဒါကို ဂရုတစိုက်နဲ့ အရမ်းဂရုတစိုက်သုံးစွဲပေးပါပေါ့နော်။    ဒါကြောင့်မို့လို့ သူက နံပါတ်၅ objective  မှာ ထားထားတာ။ တစ်ရယ် နှစ်ရယ် သုံးရယ်  လေးရယ်ရဲ့ နောက်ဆုံး ဖြစ်လာရင် သူက နောက်ဆုံးက ငါးအနေနဲ့က research and innovation ၊  အဲ့ဒါကြောင့်မို့လို့ ဒီနေ့လိုမျိုးလုပ်တဲ့ awareness  သည်  antibiotic အသစ်ကို မပေါ်လာသေးခင်မှာ  ရှိရင်းစွဲ antibiotic ကို ဘယ်လောက် ဂရုတစိုက် သုံးစွဲမလဲဆိုတဲ့ ရွေးချယ်တာ လုပ်မယ့် ဆရာဝန်တွေဖက်ကလည်း awareness တအားလိုတယ် ပြည်သူလူထုက awareness မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဆရာဝန်ကိုယ်နှိုက်ကလည်း antibiotic ကို မပေးခင်မှာ နှစ်ကြိမ်စဉ်းစား ။နောက်တစ်ခါ ဘယ်လိုမျိုး နေ့ပတ်လည်အောင် သောက်ရမလဲဆိုတာကို သေသေချာချာလူနာကို ရှင်းပေး။ လူနာကိုလည်း မသုံးရင်ဖြစ်မယ့် အန္တရာယ်ကိုလည်း   ဂရုတစိုက် ပြောပေး။ နောက်တစ်ခုက သုံးသင့်သုံးထိုက်မှ သူကလည်းပေး။     ဒါကြောင့်မို့လို့ သုတေသနတွေလုပ်ကြပါ၊ ဆေးအသစ်တွေ ဖော်ကြပါ၊ နိုင်ငံတော်အစိုးရတွေ အားလုံးကလည်း ဦးစားပေးတိုက်တွန်းမယ် ၊ အားပေးမယ် ဆေးကုမ္ပဏီကြီးများကလည်း အဲ့ဒီမှာ ရင်းနှီးမြှူပ်နှံပါလို့ပြောတာပေါ့နော်။

 Dr . Stephan Paul Jost   ။ ။ တစ်ခါတစ်လေကျတော့ သိပ္ပံပညာဆိုတဲ့နေရာမှာ limitation တွေ ရှိတယ် ပေါ့နော်၊ ဥပမာ ဆေးအသစ်တွေ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပေမယ့် မျှော်လင့်ပေမယ့်   အခုဆိုလို့ရှိရင် ပိုးသတ်ဆေးသိပ်မထုတ်နိုင်တာ နှစ်ပေါင်းဆယ်စုနှစ်များစွာ ကြာခဲ့ပြီပေါ့။   အဲ့ဒီအခါကျတော့ ဒီလိုမျိုး သိပ္ပံပညာတိုးတက်မှုတွေကို သိပ်ပြီးတော့ အသစ်မဖော်နိုင်သေးတဲ့ အချိန်မှာ   ဘာတွေကြိုးစားကြလဲဆိုတော့   အသစ်မပေါ်နိုင်သေးတော့ ဘယ်လိုလုပ်မလဲ အသစ်မပေါ်နိုင်သေးလို့ရှိရင် ရှိပြီးသားဟာတွေကို နှစ်မျိုး သုံးမျိုးပေါင်းပြီးတော့ပေါ့နော် ပိုပြီးအာနိသင် ရှိလာအောင် ကြိုးစားတဲ့ နည်းလမ်းတွေကို သုံးကြတယ်။ အဲ့ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုတွေ  သိပ္ပံပညာအရ   မလုပ်နိုင်သေးပေမယ့်လည်း လုပ်နိုင်တာသည် ကျွန်တော်တို့ရဲ့ အပြုအမှုတွေဖြစ်တဲ့  အမှုအကျင့်တွေကို ကျွန်တော်တို့ ပြန်ကြည့်မယ်၊ ပြန်ကြည့်ပြီးတဲ့အခါကျတော့ တကယ်ကို ကာကွယ်ရေးနည်းလမ်းတွေမှာ ပါဝင်နိုင်သလောက်ပေါ့၊ ကိုယ့်ရဲ့အပြုအမူတွေကို ပြောင်းပြီးတော့ ပါဝင်နိုင်အောင် ကြိုးစားရမယ်။   ။

ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ။ အပိုင်း ( ၁ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/53110

ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ။ အပိုင်း ( ၂ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/53150

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly