အီသီယိုးပီးယားတွင် လူမျိုးရေးပဋိပက္ခကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

အီသီယိုးပီးယားတွင် လူမျိုးရေးပဋိပက္ခကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

ဒီဇင်ဘာ ၁၄ ။             ။ အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ လူမျိုးရေးပဋိပက္ခကြောင့် ၂ ရက်ကြာ တိုက်ခိုက်နေခဲ့ကြရာမှ သေဆုံးသူ ၂၁ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန ဖာနာရေဒီယိုက ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ကင်ညာနယ်စပ်၊ မိုရာလီမြို့နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဒေသဟာ အီသီယိုးပီးယားနိုင်ငံရဲ့ အင်အားအကြီးဆုံးလူမျိုးစုဖြစ်တဲ့ အိုရိုမိုနဲ့ ဆိုမာလီမျိုးနွယ်စုတို့ နေထိုင်ရာ ဒေသဖြစ်ကြောင်း သိရှိရပါတယ်။

လူမျိုးရေးပဋိပက္ခကြောင့် တိုက်ခိုက်ခဲ့ကြရာမှ သေဆုံးသူ ၂၁ ဦးရှိခဲ့သလို ၆၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပဋိပက္ခကြောင့် ထွက်ပြေးပုန်းရှောင်သူ ဒေသခံ မြောက်မြားစွာရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ မနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးစုနှစ်စုကြား ပဋိပက္ခကြောင့် ဒုက္ခသည် သန်းနဲ့ချီရှိခဲ့တာဖြစ်ပါတယ်။

များမကြာမီက အာဖရိကနိုင်ငံ၊ အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာလည်း အီသီယိုးပီးယားကျောင်းသား ၃ ဦးနဲ့အတူ အခြားဒေသခံ ၃၄ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required