မြို့ပြဖွံ့ဖြိုးမှု စနစ်ကျစေရန် ရန်ကုန်မြို့ကို ဧရိယာ ၄ ခုခွဲခြားသတ်မှတ်

မြို့ပြဖွံ့ဖြိုးမှု စနစ်ကျစေရန် ရန်ကုန်မြို့ကို ဧရိယာ ၄ ခုခွဲခြားသတ်မှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။        ။ ရန်ကုန်မြို့၏ မြို့ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများ နှင့် ညီညွတ်စေမည့်ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် မြို့ုပြဧရိယာ ၄ ခုကိုခွဲခြားသတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 အဆိုပါ သတ်မှတ်ချက်များအရ လှော်ကား၊ ကန်တော်ကြီး၊ အင်းလျားကန် အစရှိသည့် ရေပြင်၊ စိမ်းလန်းမြေနှင့် ပန်းခြံနေရာများကို လက်ရှိမြို့ ပြသဘာဝပတ်ဝန်းကျင်စနစ်ကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရန် (Conservation area) အဖြစ် ရည်ရွယ်သတ်မှတ်ထားပြီး မရမ်းကုန်း၊ အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်တို့ကိုမြို့ ပြဖွံ့ ဖြိုးမှုအားတိုးမြှင့် ဆောင်ရွက်သွားရန် (Development Promotion Area) ဧရိယာအဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

 ထို့အပြင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ်(တောင်)၊ ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊  ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့နယ်များကို လူနေ သိပ်သည်းမှုအား မြှင့်တင်ဆောင်ရွက်သွားရန် (Guided Densification Area) ဧရိယာအဖြစ်သတ်မှတ် ထားပြီး၊ လှိုင်၊ ရန်ကင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသည့်မြို့နယ်တို့ကမို့ ပြဖွံ့ဖြိုးမှုများစနစ်တကျပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် (Redevelopment and Upgrade Area) ဧရိယာအဖြစ်သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်မှထုတ်ပြန်ခဲ့သည်။

 အလားတူ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့လယ် ခြောက်မြို့နယ်နှင့် ဆိပ်ကမ်းမြို့နယ် ရွှေတိဂုံဘုရား ပတ်ဝန်းကျင်၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်မြို့နယ်တို့ကိုမြို့ပြဖွံ့ ဖြိုးမှုအား ထိန်းသိမ်းနိုင်ရန် သတ်မှတ်ထားသည့် ဧရိယာများနှင့် သမိုင်းဝင်အမွေအနှစ်များ စုဝေးတည်ရှိရာ ဧရိယာ (Development Controlled Area) အဖြစ် သတ်မှတ်ထားကြောင်း အဆိုပါကြေညာချက်အရ သိရသည်။

 အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြား သတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာ အမှတ် (၇၇/၂၀၁၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါခွဲခြား သတ်မှတ်လိုက်သော ဧရိယာများအလိုက် အသေးစိတ် ညွှန်ကြားချက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော မြို့ ပြပုံသဏ္ဌာန် နှင့် လူမှုပတ်ဝန်းကျင်ကောင်း ပေါ်ပေါက်စေရန်အတွက် Down town ခြောက်မြို့နယ်အတွင်း မြို့ပြဖွံ့ ဖြိုးမှု စီမံကိန်းများ ဆောင်ရွက်ရန် တင်ပြလျှောက်ထားလိုပါက စိစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး ယင်းစိစစ် ခွင့်ပြုချက်များ ကို www.ycdc.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ဒီဇင်ဘာ ၁၄ ရက်ထုတ် မြို့တော်သတင်းစာ တွင် ဖော်ပြထားသည်။

 

အဆိုပါ ဧရိယာခွဲခြားသတ်မှတ်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းစိစစ်ခွင့်ပြုချက်များမှာ ၂၀၁၈ ခုနှစ် အောက်တို ဘာ ၁၈ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် ၄၉ အရ ဖြစ်ကြောင်း အစိုးရမှထုတ်ပြန်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required