နယူးယောက်၊ ဒီဇင်ဘာ ၁၅ ။ ။ ကနေဒါနိုင်ငံသားနှစ်ဦးကို တရုတ်နိုင်ငံက ဖမ်းဆီးထားတာဟာ လက်သင့်ခံစရာ မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ကနေဒါဟာ ဗန်ကူးဗားမြို့မှာ ဟွာဝေးအမှုဆောင်အရာရှိချုပ်ကို ဖမ်းဆီးခဲ့တာအပေါ် လက်တုံ့ပြန်ဟန်ရှိတဲ့ တရုတ်ရဲ့ လုပ်ရပ်ဟာ လက်သင့်ခံစရာ မရှိဘဲ ဖမ်းထားတဲ့ ကနေဒါနှစ်ဦးကို ပြန်လွှတ်ဖို့ ပွန်ပီယိုက တောင်းဆိုပါတယ်။
“ကနေဒါနိုင်ငံသားနှစ်ဦးကို ဥပဒေမဲ့ ဖမ်းဆီးထားတာဟာ လက်သင့်ခံစရာ မရှိဘဲ သူတို့ကို ပြန်လွှတ်ပေးသင့်ပါတယ်။”လို့့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲလုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွန်ပီယိုက ပြောခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကနေဒါသံတမန်ဟောင်းတစ်ဦးနဲ့ စီးပွားရေးအကြံပေးတစ်ဦးတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တယ်ဆိုပြီး ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။