ကိုယ်ပိုင်စစ်တပ် ထူထောင်ရေး ကိုဆိုဗို ပါလီမန်က အတည်ပြုဆုံးဖြတ်

ကိုယ်ပိုင်စစ်တပ် ထူထောင်ရေး ကိုဆိုဗို ပါလီမန်က အတည်ပြုဆုံးဖြတ်

ဒီဇင်ဘာ ၁၄ ။            ။ ကိုဆိုဗိုမှာ ကိုယ်ပိုင် အမျိုးသား စစ်တပ်တစ်ရပ် ဖွဲ့စည်းထူထောင်သွားရေး ဥပဒေကို ဒီဇင်ဘာ ၁၄ ရက်မှာပဲ ပါလီမန်က မဲခွဲအတည်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ခုလိုမျိုး ကိုယ်ပိုင်စစ်တပ် ထူထောင်မယ့် ကိစ္စကတော့ ဆားဘီးယားနဲ့အကြား တင်းမာမှုတွေကို ပိုမိုမြင့်တက်သွားစေခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်လာစေခဲ့ပါတယ်။

ကိုဆိုဗိုတို့ကတော့ ယင်းဘာသာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ကြေညာထားခဲ့တာဖြစ်ပြီး ဆားဘီးယားတို့ကတော့ ယင်းကို တရားမဝင်ဘူး ဆိုပြီး ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။

ယခု မဲခွဲမှုကိုတော့ ကိုဆိုဗို ပါလီမန်မှာ တစ်ညီတစ်ညွတ်တည်း မဲပေးအတည်ပြုနိုင်ခဲ့တာဖြစ်ပြီး လူနည်းစု ဆာ့ဗ် အမတ်တွေကတော့ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

လက်ရှိ ကိုဆိုဗိုမှာ ရှိနေတဲ့ KSF လို့ သိကြတဲ့ အရေးပေါ် တုန့်ပြန်ရေး အဖွဲ့ကို ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုအဖြစ် အသွင်ပြောင်းဖွဲ့စည်းရေး အဆိုကို ပါလီမန်မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ချိန်ကတည်းက ကိုဆိုဗိုတို့အနေနဲ့ ယင်းရဲ့ လုံခြုံရေး အာမခံချက်အတွက် နေတိုးအဖွဲ့ကိုပဲ မှီခိုနေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required