မန္တလေးရှိ ဂိုဒေါင်နှစ်လုံး မီးလောင်မှု မီးသတ် ၃ ဦးဒဏ်ရာရ

မန္တလေးရှိ ဂိုဒေါင်နှစ်လုံး မီးလောင်မှု မီးသတ် ၃ ဦးဒဏ်ရာရ
(ဓာတ်ပုံ-ကိုကျော်သက်ထွေး)

မန္တလေး၊ဒီဇင်ဘာ ၁၄ ။          ။ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈ရလမ်း နှင့် ၈၈လမ်းကြား၊အကွက်အမှတ် ၂၈၇ တိမ်ပြာတန်းရပ်ကွက်တွင် ဒီဇင်ဘာလ ၁၄ ရက်၊နံနက် ၂ နာရီခန့်က ဖြစ်ပွားသော ဂိုဒေါင်နှစ်လုံးမီးလောင်မှု၌ မီးငြိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှသိရသည်။

 

ဒဏ်ရာရှိခဲ့သူများမှာ အရန်မီးသတ်တပ်ဖွဲ့မှ တပ်သားစိုးမင်းထွန်း၊တပ်သား ကျော်စွာနှင့်တပ်သား ပြည့်ဖြိုးကျော် တို့ဖြစ်ပြီး ပေါက်ပြဲ၊ပွန်းပဲ့ ဒဏ်ရာအသီးသီးရခဲ့သော်လည်း မစိုးရိမ်ရကြောင်းသိရသည်။၎င်းတို့ ၃ ဦးကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်းသိရသည်။

 

အဆိုပါ ဖြစ်စဉ်သည် သွပ်မိုး၊ သွပ်ကာ အလျား (၉၀) ပေ၊ အနံ (၄၅) ပေ၊ အမြင့်(၃၀)ပေရှိသော နေကမ္ဘာ လျှပ်စစ်ရောင်းဝယ်ရေးဂိုဒေါင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းဂိုဒေါင်နှင့်ကပ်လျက် အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေ၊ အမြင့်(၃၀ )ပေခန့်ရှိ ပရဆေးနှင့် ရေချိုးခန်းသုံးပစ္စည်းများ၊ ဓါတ်မြေသြဇာများထားရှိသော ဂိုဒေါင်အား မီးကူးဆက်လောင်ကျွမ်းခဲ့သည်ဟု ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

မီးလောင်ဆုံးရှုံးမှုတန်းဖိုးမှာ ဂိုထောင်၂လုံး ကာလတန်ဖိုး (၁၄၀၆၂၅၀၀)ကျပ်ခန့်ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန် ထားပြီး ဂိုဒေါင်အတွင်းမှ ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုးမှာ တွက်ချက်နေဆဲဖြစ်သလို မီးစတင် လောင်ကျွမ်းမှုကိုလည်း စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly