မန္တလေးတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟု ရှမ်းဝန်ကြီး အသစ်ဆို

မန္တလေးတွင် တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟု ရှမ်းဝန်ကြီး အသစ်ဆို

မန္တလေး၊ ဒီဇင်လာ ၁၄ ။             ။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသားလုပ်ငန်းရှင်များပေါ်ပေါက်ရေးအတွက် လုပ်ဆောင် သွားမည် ဟု ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး အသစ် စိုင်းပန်းဆိုင်က ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ် သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး၌ ကျမ်းသစ္စာကျိန္ဆိုအပြီး မီဒီယာသမားများဖြင့် တွေ့ဆုံပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

    "မန္တလေးအနေနဲ့ကတော့ ဘယ်လူမျိုး ဘယ်တိုင်းရင်းသားဆိုတာ မခွဲခြားဘဲနဲ့ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးအနေနဲ့ဖွဲ့ပေးဖို့ သူတို့ပြောထားတာရှိတယ်။ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီလိုမခွဲဘဲ မန္တလေးအတွက်ဆိုရင်တော့ အထူးပေါ့။အဲလိုဖွဲ့ပေးနိုင်ရင်တော့ ကျန်တဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း အားလုံးပါဝင်နိုင်တာပေါ့။ကျွန်တော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာဖို့ ဆန္ဒရှိပါတယ်။"ဟု စိုင်းပန်းဆိုင်ကပြောသည်။

    မန္တလေးတိုင်းအတွင်းက တိုင်းရင်းသားလုပ်ငန်းရှင် စာရင်းကို မသိရသေးသော်လည်း တိုင်းရင်းသား လုပ်ငန်း ရှင် အဖွဲ့ဖွဲ့စည်းပြီး လုပ်ငန်းရှင်များပါဝင်လာအောင် စည်းရုံးသွားမည်ဟု စိုင်းပန်းဆိုင်ကဆိုသည်။

     လက်ရှိတွင် မန္တလေးတိုင်းစက်မှုဇုံများတွင် ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင် သုံးပုံ တစ်ပုံရှိနေသည်ဟုလည်း စိုင်းပန်းဆိုင်ကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required