စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

ဒီဇင်ဘာ ၁၃ ။            ။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၇/၁၈တွင် ၆.၈ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၈/၁၉ခုနှစ်တွင် ၆.၂ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်က အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင်လည်း စီးပွားရေးအနည်းငယ်ကျဆင်းနေပြီး ပြည် တွင်း ရခိုင်ပြည်နယ်ဖြစ်ပေါ်နေသော အကြောင်းအရာများသည်လည်းစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ကုန်သည် စက်မှုအသင်းချုပ် (UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး ကသုံးသပ်ခဲ့သည်။

"တစ်ကမ္ဘာလုံး စီးပွားရေးရင်းနှီးမြှုပ်နှံမှုက နည်းနည်းကျနေတယ်။ အဲဒါသည်လည်းရိုက်ခတ်မှာဘဲ။ ရေနံစျေး တက်နေတယ်။ ဒါလည်းရိုက်ခတ်မှာဘဲ။ ပြီးသွားတော့ ရခိုင်ဘက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကလည်း ကျွန် တော်တို့အတွက် စိန်ခေါ်မှုတစ်ခုဘဲ။ အဲလိုတွေဖြစ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် စီးပွားရေးပဲဖြစ်ဖြစ် အထိုက်အလျောက် ထိခိုက်သွားတာပေါ့။ ပြည်တွင်းမှာလည်း ငွေကြေးဖောင်းပွမှုနှုန်း၊ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေတဲ့ အခြေအနေတွေရှိနေတယ်" ဟု ဦးဝေဖြိုး ကပြောသည်။

 ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့် အစီရင်ခံစာထုတ်ပြန်မှုကို ဒီဇင်ဘာ ၁၃ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) တစ်နှစ်အတွင်း ဝင်ရောက်မှုသည် ၂၀၁၆/၁ရခုနှစ်တွင် တိုးတက်မှုများရှိခဲ့သော် လည်း ၂၀၁၇/၁၈တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှုကျဆင်းလာခဲ့သည်။ ၂၀၁၆/၁ရခုနှစ်နှင့် နှိုင်းယှဉ်လျှင် FDI ခွင့်ပြုသည့်ပမာဏသည် ၂၀၁၇/၁၈တွင် ၁၄ရာခိုင်နှုန်းအထိကျဆင်းသွားကြောင်း ကမ္ဘာ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုသည် ကျဆင်းမှုများရှိနေပြီး အချိန်မီမပြုပြင်နိုင်ပါက ရင်းနှီးမြှုပ်နှံမှုလျော့နည်းကာ မြန် မာနိုင်ငံစီးပွားရေးကို ကမောက်ကမဖြစ်မည်ကို စိုးရရိမ်ရကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်း ကပြောသည်။

 "နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက သုံးနှစ်လောက်ရှိပြီ ဆက်တိုက်ကျလာတာရှိတယ်။ ကျလာတာကတော့ ကတိပြုတဲ့ ကိန်းဂဏန်းကျလာတယ်လို့ သူတို့ကပြောတယ်။ တကယ်ငွေရေးကြေးရေးအနေနဲ့ လာပြီးရင်းနှီး မြှုပ်နှံတာကတော့ ပုံမှန်ဖြစ်နေတယ်။ ပုံမှန်ဖြစ်နေတာက လွန်ခဲ့ ၂နှစ်၊ ၃နှစ်က များများလေးဂတိပြုထားလို့ အခု ပုံမှန်လာနေတာပေါ့။ သုံးနှစ်လောက်သာ ဆက်တိုက်ကျနေမယ်ဆိုရင် နောက်နှစ်တွေမှာ ပိုပြီးကျသွားဖို့ရှိတယ်။ ဒီဟာကို အချိန်မီပြုပြင်နိုင်ဖို့ကောင်းတယ်။ မပြုပြင်နိုင်ရင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ နည်းသွားပြီး တော့ မြန်မာ့စီးပွားရေး ကမောက်ကမဖြစ်မှာ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်" ဟု ဒေါက်တာဖုန်းဝင်း ကပြော သည်။

ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာပါက မြန်မာနိုင်ငံအတွက် ကာလလတ် စီးပွားရေးတိုးတက်မှုနှုန်း သည် အကောင်းဘက်တွင် ဆက်လက်ရှိနေပြီး ၂၀၂၀/၂၁ခုနှစ်အတွက် ၆.၆ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အဆိုပါအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ မြန်ဆန်စွာအကောင် အထည်ဖော်ခြင်းနှင့် ရခိုင်ပဋိပက္ခကို လူမှုအသိုင်းအဝိုင်းအားလုံးအတွက် ပြေလည်နိုင်ရန် ဖြေရှင်းဆောင်ရွက် ခြင်းများလိုအပ်ပြီး ရေရှည်ဖွ့ံဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအားလုံးပါဝင်သော ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရန် အဓိကလိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly