ကနေဒါနိုင်ငံသားနှစ်ဦးကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တဲ့ သံသယရဲ့ တရုတ် ဖမ်းဆီးစစ်ဆေးနေ

ကနေဒါနိုင်ငံသားနှစ်ဦးကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တဲ့ သံသယရဲ့ တရုတ် ဖမ်းဆီးစစ်ဆေးနေ

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ။              ။ တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံသားနှစ်ဦးကို နို်င်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ် သံသယရဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း ကြာသပတေးနေ့မှာ အတည်ပြု ပြောပါတယ်။

အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ကနေဒါနိုင်ငံဟာ တရုတ် ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးက အမှုဆောင်အရာရှိကို ဖမ်းဆီးခဲ့လို့ နှစ်နိုင်ငံ တင်းမာနေချိန်လည်း ဖြစ်ပါတယ်။

ကနေဒါ သံတမန်ဟောင်း မိုက်ကယ်ကော့ဗ်ရတ်ချ်နဲ့ စီးပွားရေးအကြံပေးတစ်ဦးဖြစ်တဲ့ မိုက်ကယ်စပါဗောတို့ကို တနင်္လာနေ့က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လူကန်က ပြောပါတယ်။

အဲဒီ ကနေဒါနို်င်ငံသားနှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်မှုတွေမှာ သံသယဖြစ်စဖွယ် ပါဝင်ပတ်သက်နေလို့ လူကန်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနို်င်ငံဟာ ဟွာဝေးတည်ထောင်သူရဲ့ သမီးဖြစ်ပြီး ဘဏ္ဍာရေးအရာချုပ်ဖြစ်သူ မန်ဝန်ကျို့ကို အမေရိကန်ရဲ့ တောင်းဆိုချက်ကြောင့် ဗန်ကူးဗားမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာကြောင့် တရုတ်နဲ့ တင်းမာမှု ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

အီရန်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်ကို ချိုးဖောက်တယ်ဆိုပြီး မန်ဝန်ကျို့ကို ဖမ်းဆီးခဲ့ရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အာမခံနဲ့ ပြန်လွှတ်ပေးထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required