Myanmar Music Wave 2018 ဂီတဖျော်ဖြေပွဲကို Mizzima TV နဲ့ iflix တို့တွင် တိုက်ရိုက်ပြသသွားမည်

Myanmar Music Wave 2018 ဂီတဖျော်ဖြေပွဲကို Mizzima TV နဲ့ iflix တို့တွင် တိုက်ရိုက်ပြသသွားမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။            ။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဂီတပွဲတော်ဖြစ်သည့် Myanmar Music Wave 2018 ကို Mizzima TV နဲ့ iflix တို့မှ ပူးပေါင်းပြီး မြန်မာနှင့် ထိုင်းနိုင်ငံ တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းဂီတပွဲတော်ကို ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပသွားမှာဖြစ်ပြီး နီနီခင်ဇော်၊ ချမ်းချမ်း၊ Big Bag၊ ဝေလ၊ Idiots၊ ဂျူဝဲလ်၊ Rose Quartz၊ Lu Hpring၊ ငဲငယ်လေး၊ ခွန်ငယ်လေး နှင့် ဖူးဖူးသစ် တို့မှ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဂျေမီ၊ ကြက်ဖ၊ အမွန်း၊ မိစန္ဒီ၊ Rose Quartz၊ ဟိန်းမင်းသူ နှင့် Numyoe တို့က ၂၂ ရက်တွင်လည်းကောင်း  သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

အဆိုပါဂီတပွဲတော်ကို iflix မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ၂၁ နှင့် ၂၂ ရက်နေ့များတွင်  မြန်မာစံတော်ချိန် ညနေ ၄နာရီအချိန်တွင် စတင်ထုတ်လွှင့်ပြသမှာလည်းဖြစ်သည်။

“မြန်မာ၊ ထိုင်းနဲ့ ဒေသတွင်း iflix အသုံးပြုသူတွေက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဂီတပွဲတော်ကြီးကို တပြိုင်တည်း အခမဲ့ ပြသပေးနိုင်မှာဖြစ်လို့စိတ်     လှုပ်ရှားပြီး ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ iflix အသုံးပြုသူတွေရော မဇ္ဇျိမ တီဗီရဲ့ ပရိတ်သတ်တွေရော  နာမည်ကြီး အဆိုတော်တွေရဲ့ ဦးဆောင်ဖျော်ဖြေမှုတွေကို ခံစားရင်း ပျော်ရွှင်ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဒါ့ကြောင့် ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကို ရောက်ရှိလာဖို့ရေတွက်ရင်း ကြိုတင်ပြင်ဆင်ထားပါနော်” ဟု iflix မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ Head of Marketing Eena Acuna က ပြောဆိုခဲ့သည်။

Mizzima Media Group မှ Sale and Marketing Manager မနန်းမိုဟွမ်း က “လူငယ်တွေကြားမှာ  ခေတ်စားနေတဲ့ ကျွန်မတို့ရဲ့ မဇ္ဇျိမ အခမဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းကနေ ဒီပွဲကြီးကို ပူးပေါင်း ထုတ်လွှင့်ပြသခွင့်ရတဲ့အတွက် စိတ်လှုပ်ရှား မိပါတယ်။ ဝီလီယံ ရှိတ်စပီးယားပြောသလိုပဲ။ တကယ်လို့ပေါ့ ဂီတ ဟာ အချစ်အတွက် အာဟာရ ဖြစ်မယ်ဆိုရင်မှီဝဲ စားသုံးလိုက်ပါ။ အဲ့ဒါကြောင့် Myanmar Music Wave 2018 ကို ပျော်ရွှင်စွာ ကြည့်ရှု  ခံစားလိုက်ကြရအောင်နော်” ဟု ဆိုသည်။

အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် ကြည့်ရှုသည့်လူပေါင်း ၁ ဘီလီယံကျော် ရရှိနေပြီ ဖြစ်သည့် iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုနယ်ပယ်တွင် စျေးကွက်ဦးဆောင်သူအဖြစ်  ထင်ထင်ရှားရှား ရပ်တည်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly