ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုမိရေး လန်ဒန်က အနုပညာပြတိုက်ရှေ့မှာ ရေခဲတုံးကြီးတွေ အရည်ပျော်ကျမှုကို ပြသ

ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုမိရေး လန်ဒန်က အနုပညာပြတိုက်ရှေ့မှာ ရေခဲတုံးကြီးတွေ အရည်ပျော်ကျမှုကို ပြသ

လန်ဒန်၊ ဒီဇင်ဘာ ၁၃ ။                 ။ ကမ္ဘာကြီး ပူနွေးလာတာကို သတိပြုမိကြရေးကို ရည်ရွယ်ပြီး လန်ဒန်က အနုပညာပြတိုက်တစ်ခု ရှေ့မှာ ဂရင်းလန်းကျွန်းက ရေခဲတုံးတွေကို စီရီခင်းကျင်းထားလျက် အရည်ပျော်ကျလာတာကို အင်စတောရေးရှင်းအနုပညာတစ်ရပ်အဖြစ်နဲ့ ပြသခဲ့ပါတယ်။

Tate Modern ပြတိုက်ရှေ့မှာ Ice Watch London အမည်နဲ့ တစ်တန်နဲ့ တစ်တန်ခွဲကြား ရေခဲတုံးကြီးတွေကို မီနက်ရိုဆင်းနဲ့ အိုလာဖာအလီယာဆန််တို့က အင်စတောရေးရှင်း အနုပညာတစ်ရပ်အဖြစ် လုံးဝ အရည်ပျော်ကျသွားတဲ့ အထိ ပြသထားမှာ ဖြစ်ပါတယ်။

“ဒီ ရေခဲတုံးကြီးတွေကို အလီယာဆန်နဲ့ ရိုဆင်းတို့က ယူဆောင်လာတာဖြစ်ပြီး သူတို့ရဲ့ အင်စတောရေးရှင်း အနုပညာကို လှည့်ပတ်ကြည့်လို့ရတယ်။ ထိကိုင််ကြည့်လို့ရတယ်။ အရည်ပျော်ကျသွားတဲ့အထိ ပြသထားမှာလည်း ဖြစ်တယ်။”လို့ ပြတိုက်က ဆိုပါတယ်။

ဒီရေခဲတုံးတွေဟာ ဂရင်းလန်းကျွန်းမှာ ရေခွဲလွှာကြီးတစ်ချပ်က ခွဲခြမ်းယူဆောင်လာတာဖြစ်ပါတယ်လို့ သိရပါတယ်။

အလီယာဆန်နဲ့ ရိုဆင်း အနုပညာသမားနှစ်ဦးဟာ ဒီပြသမှုကြောင့် လူတွေအနေနဲ့ ရေခဲတုံးကြီးတွေကို ကြည့်ရင်း ရာသီဥတုပြောင်းလဲမှု တကယ်ဖြစ်စဉ်ကို သိရှိသွားဖို့ ရည်ရွယ်ပြီး ပြသခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required