အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်းတစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိ

အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်းတစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိ

ကသာ ၊ ဒီဇင်ဘာ- ၁၃ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့၌ အိမ်စီးကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါး ကျပ်သိန်းတစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ကသာမူးယစ်တပ်ဖွဲ့စု(၆)၏ ရဲမှတ်တမ်း များအရ သိရသည်။

 ဖြစ်စဉ်မှာ မူးယစ်ဆေးသတင်းအရ ဒုမူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးမင်းဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းနှင့် နန့်မကျိုင်ကျေးရွာသွား လမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် အင်းတော်မြို့ဘက်မှနေ၍ သန်းဇော်လင်း မောင်းနှင်ပြီး ကျော်လောက်အေး(ခ)မြင့်ဝင်း လိုက်ပါလာသော မော်တော်ယာဉ်အမှတ် RKE 21_VOXY အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ယင်းသို့ရှာဖွေရာတွင် ယာဉ်နောက်ခန်းရှိ အဖြူရောင်ဆာလာအိတ်တစ်လုံးအတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ငယ်များဖြင့်ထည့်လျက် တစ်ထုပ်လျှင်(၁၉၀)ပြားစီပါသော အထုပ်ပေါင်း(၃၀)ထုပ်လျှက် တစ် ထုတ်စီထည့်ထားသည့် အထုပ်ကြီးပေါင်း(၂၀)ထုတ် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၁၁၄၀၀၀)ပြား အလေး ချိန် (၁၁.၄)ကီလို (ကာလတန်ဖိုး စိတ်ကြွရူးသွပ်ဆေး တစ်ပြားလျှင် ၅၀၀၀ နှုန်းဖြင့် စုစုပေါင်းတန်ဖိုး သိန်း ၅ရဝဝကျပ်နှင့် ပီနံလက်ဆွဲအိတ် (၂)လုံးအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်လျက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့်အလေးချိန် (၁၀)ဂရမ်စီပါသော ဆပ်ပြာခွက် (၄၄၁)ခွက် စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် (၄.၄၁)ကီလို (ကာလတန်ဖိုး ဘိန်းဖြူတန်ဖိုး တစ်ကီလိုလျှင် သိန်း ၁၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး သိန်း ၄၄၁ဝကျပ်) စုစုပေါင်းတန်ဖိုး သိန်း ၁၀၁၁၀ ကျပ်) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းဇော်လင်း (၄၃)နှစ် သိန်နီမြို့၊ရှမ်း(မြောက်)နေသူနှင့်၊ ကျော်လောက်အေ(ခ)မြင့်ဝင်း (၃၀) သိန်းနီမြို့၊ ရှမ်း(မြောက်)နေသူတို့ (၂)ဦးအား အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ကွင်းဆက်ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly