သူ့ကို လုပ်ကြံဖို့ကြံစည်တဲ့ နောက်ကွယ်မှာ အမေရိကန် ပါဝင်နေလို့ ဗင်နီဇွဲလားသမ္မတ ပြော

သူ့ကို လုပ်ကြံဖို့ကြံစည်တဲ့ နောက်ကွယ်မှာ အမေရိကန် ပါဝင်နေလို့ ဗင်နီဇွဲလားသမ္မတ ပြော
ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရို (Photo: AFP)

ကရာကတ်စ်၊ ဒီဇင်ဘာ ၁၃ ။ ။ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုဟာ သူ့ကို လုပ်ကြံကြဖို့ ကြံစည်ကြရာမှာ ကိုလံဘီယာနဲ့ ဘရာဇီးပါဝင်ပြီး အမေရိကန်က ညွှန်ကြားနေတာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြင်းပြင်းထန်ထန် အပြစ်ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျအောင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က ဗင်နီဇွဲလားမြေမှာ မတည်မငြိမ် ဖရိုဖရဲဖြစ်အောင်  ကုလားဖန်ထိုးနေတယ်လို့လည်း မာဒူရိုက စွပ်စွဲပြောဆိုပါတယ်။

ဂျွန်ဘော်တန်ဟာ နယ်စပ်မှာ စစ်ရေးရန်စမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားစေခိုင်းထားတာကို ခိုင်မာတဲ့ သတင်းရရှိထားတယ်လို့ ကရာကတ်စ်မှာ နိုင်ငံခြားသတင််းထောက်တွေကို မာဒူရိုက ပြောပါတယ်။

“ဗင်နီဇွဲလားရဲ့ ဒီမိုကရေစီကို ရိုက်ချိုးဖို့၊ ကျွန်တော်ကို လုပ်ကြံဖို့နဲ့ အာဏာရှင် အစိုးရဆိုပြီး တံဆိပ်ကပ်ဖို့ အိမ်ဖြူတော်ကနေပြီး လျှို့ဝှက်စီစဉ်နေတာတွေကို ကျွန်တော် ထပ်ပြီး ရှုတ်ချတယ်။”လို့ မာဒူရိုက ဆိုပါတယ်။

ဒီလျှို့ဝှက်အကြံအစည်တွေအတွက် အမေရိကန်မှာ တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေပြီး ကိုလံဘီယာက လက်တွေ့လုပ်ဆောင်လာမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကိုလံဘီယာ သမ္မတ အိုင်ဗန်ဒက်တို့ဟာ မာဒူရိုရဲ့ လက်ဝဲအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဗင်နီဇွဲလားနိုင်ငံက ချွတ်ခြုံကျနေတဲ့ စီးပွားရေးပြိုလဲမှုကို စစ်ရေးနဲ့ တုံ့ပြန်ဖို့ အလားအလာကို သမ္မတ ထရမ့်က စောင်းပါးရိပ်ခြည် ပြောထားခဲ့ဖူးတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required