အစ္စရေးမှာ အကြမ်းဖက်သမားတွေ ပစ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ထိမှန်ပြီး အချိန်မတန်ဘဲ ခွဲမွေးခဲ့ရတဲ့ ကလေးငယ် သေဆုံး၍ အသုဘချ

အစ္စရေးမှာ အကြမ်းဖက်သမားတွေ ပစ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ထိမှန်ပြီး အချိန်မတန်ဘဲ ခွဲမွေးခဲ့ရတဲ့ ကလေးငယ် သေဆုံး၍ အသုဘချ
Photo: AFP

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၃ ။      ။ အစ္စရေးနိုင်ငံမှာ အကြမ်းဖက်သမားတွေ ပစ်ခတ်ခတ်လို့ ကိုယ်ဝန်သည်တစ်ဦး ထိမှန်ပြီး အချိန်မတိုင်ဘဲ ခွဲမွေးခဲ့ရတဲ့ ကလေးငယ် သေဆုံးတာကြောင့် မိဘနှစ်ပါးနဲ့အတူ ဆွေမျိုးအသိုင်းအဝန်းတွေက အသုဘချပါတယ်။

ဒီဖြစ်ရပ်ကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ပစ်ခတ်သွားတဲ့ အကြမ်းဖက်သမားတွေကို မရရအောင် မြေလှန်ရှာဖွေသွားမယ်လို့ ဗုဒ္ဓဟူးနေ့မှှာ သံန္ဒိဌာန်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သိမ်းပိုက်ခံ အနောက်ဖက်ကမ်းဒေသ အိုဖရာအခြေစိုက်အိမ်ရာအနီးက ကားမှတ်တိုင်မှာ လူအုပ်ကို ကားတစ်စီးပေါ်ကနေ သေနတ်နဲ့ လှမ်းပစ်သွားတာဖြစ်ပါတယ်။ ဒီ ပစ်ခတ်မှုမှာ ကိုယ်ဝန်သည်အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကိုယ်ဝန်ဟာ သီတင်းပတ် ၃၀ ရှိပြီဖြစ်ပြီး ဂျေရုဆလင်ဆေးရုံမှာပဲ ချက်ချင်း ခွဲမွေးခဲ့ရတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကလေးငယ်ဟာ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ မွေးကင်းစကလေးလေးကို ပြီးခဲ့တဲ့ နာရီအနည်းငယ်မှာပဲ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ လေးရက်သားလေးပဲ ရှိသေးတဲ့အချိန်မှာ သေဆုံးရတာ ဖြစ်တယ်။ ဒီ လူသတ်သမားတွေကို ရှှာဖွေသွားမှာ ဖြစ်တယ်။ လုံးဝ မရပ်မနား ရှာဖွေပြီး သူတို့ကို တရားဥပဒေနဲ့ အရေးယူမှာဖြစ်တယ်။”လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့ပါတယ်။

အစ္စရေးစစ်တပ်အနေနဲ့လည်း တနင်္ဂနွေနေ့က ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ပါလက်စတိုင်းရွာတွေမှာ စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်နေတာဟာ ခုချိန်ထိ မရပ်မနားတမ်း လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly