ကိုလံဘီယာမှာ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် ကြွက်တွေ ရောက်လာလို့ ဝရုန်းသုန်းကား ဖြစ်

ကိုလံဘီယာမှာ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် ကြွက်တွေ ရောက်လာလို့ ဝရုန်းသုန်းကား ဖြစ်

ဒီဇင်ဘာ ၁၂ ။          ။ ကိုလံဘီယာမှာ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်က လွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ်အတွင်း အမတ်တွေ ထိုင်နေတဲ့ ခန်းမထဲကို ရုတ်တရက် အပေါ်ကနေ ကြွက်တွေ ကျလာခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး အစည်းအဝေးကိုပါ ဖျက်လိုက်ရတယ်လို့ သိရပါတယ်။

ကိုလံဘီယာ ဥပဒေပြုလွှတ်တော် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်နေစဉ်မှာပဲ ခန်းမထဲ ထိုင်နေကြတဲ့ အမတ်တွေဆီကို အပေါ်ဘက်ကနေ တစ်ယောက်ယောက်က ကြွက်တွေ ပစ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း လွှတ်တော်ခန်းမရဲ့ အပေါ်ဘက်မှာ ရှိတဲ့ ဧည့်ပရိသတ်ထိုင်နေတဲ့ အခန်းတစ်ခုထဲကနေ ကြွက်ဖြူ လေးကောင်ကို လေထီးပါ အိတ်တစ်လုံးထဲမှာ ထည့်ပြီး အောက်ကိုချလိုက်ရာကနေ  ခန်းမထဲ ကြွက်တွေရောက်လာခဲ့တဲ့နောက် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး အစည်းအဝေးပါ  ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ယင်းနိုင်ငံမှာတော့ ကြွက်တွေဟာ ခိုးဆိုးမှု၊ ခြစားမှုရဲ့ သင်္ကေတအဖြစ်သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ခုလိုမျိုး အစည်းအဝေးကို အနှောက်အယှက်ဖြစ်အောင် တမင်လုပ်ဆောင်တဲ့ လုပ်ရပ်ဟာ အဖျက်အမှောင့်လုပ်ရပ်တစ်ခုဖြစ်ပြီး စုံစမ်းစစ်ဆေးသွားဖို့ ဆိနိတ်တာတစ်ဦးဖြစ်တဲ့ ဆန်ဒရာ ရာမီးရက်စ်က တောင်းဆိုသွားပါတယ်။

ခုချိန်ထိတော့ အမတ်တွေကို နှောက်ယှက်တဲ့ လုပ်ရပ်ကို ထုတ်ဖော်ဝန်ခံသူ ထွက်ပေါ်လာခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required