မကွေးရှိ ကျောက်စရစ်ထုတ်လုပ်မှုလုပ်ငန်းခွင်များ၌ ကန့်သတ်ချက်များ ပြုလုပ်မည်

မကွေးရှိ ကျောက်စရစ်ထုတ်လုပ်မှုလုပ်ငန်းခွင်များ၌ ကန့်သတ်ချက်များ ပြုလုပ်မည်

မကွေး၊ဒီဇင်ဘာ ၁၂ ။          ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်စရစ်ထုတ်လုပ်သည့်လုပ်ငန်းခွင်များတွင် ခွင့်ပြုချက်ထက်ပို၍ ထုတ်လုပ်သူများရှိနေခြင်းကြောင့် ကန့်သတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကိုဦးတည်သည့် ကန့်သတ် ချက်(၃)ချက်ကို သတ်မှတ်လိုက်ပြီး ညွှန်ကြားချက်များထုတ် ပြန်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးဆိပ်ကမ်းများ ၊ သင်္ဘောဆိပ်များ ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“လုပ်ငန်းခွင်မှာ ကျောက်စုပ်တဲ့ပိုက်တွေကို ၆လက်မထက်မကြီးသော ပိုက်များကိုပဲခွင့်ပြုပါတော့မယ်။ ကျောက်စုပ်တဲ့နေရာမှာ ကစ်(၂)ခုထက်ပိုတဲ့ ရေယာဉ်တွေကိုလည်း ကန့်သတ်ပါမယ်။ မြင်းကောင်ရေ ၂ဝအောက် ရေယာဉ် တွေနဲ့ ကျောက်စရစ်ကို သယ်ခွင့်မပြုတော့ပါဘူး ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်လွင်(ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး) က ပြောသည်။

နိုဝင်ဘာလ ၂ရရက်နေ့ကပြုလုပ်သည့်ကော်မတီအစည်းအဝေး၌ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး၏ အကြံပြုချက်များကို ကော်မတီကလက်ခံဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနတို့မှ ညွှန်ကြားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

“ ကျောက်စရစ်တစ်ကျင်းကို ၅တန်ရှိတယ်။ ကျောက်စရစ်သုံးကျင်းပါတဲ့၁၅တန်အလေးချိန်ကို မြင်းကောင်ရေ ၂၀ အောက်ရေယာဉ်နဲ့သယ်ရင် အန္တရာယ်ရှိပါတယ် ” ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်း ဦးစီးမှူးဦးသန်းနိုင် က အကြံပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျောက်စရစ်လုပ်ကွက်များကို ဒေသခံများကိုသာ ဦးစားပေးသင့်ကြောင်း ၊ လုပ်ကွက် ၅ဧက တစ်ကွက်လျှင် သင်္ဘော(၃)စီးသတ်မှတ်ထားသော်လည်း အမှန်တစ်ကယ်ထုတ်လုပ်နေသည်မှာ ခွင့််ပြု ပမာဏထက်ပိုများနေကြောင်း ၊ ကျင်း အရေအတွက် ပိုတိုး၍လျှောက်ထားစေပြီး ပိုက်အရွယ်အစားကိုလည်း ၆လက်မထက်မပိုသော ပိုက်ကိုသာခွင့်ပြုရန် နှင့် ကစ်(၂) ခု ထက်ပိုသော ရေယာဉ်များကို ခွင့်မပြုသင့်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး၏ ပြောကြား ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly