နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေစဉ် ကနေဒါ သံတမန်ဟောင်းတစ်ဦးကို တရုတ် ဖမ်းဆီးထိန်းသိမ်း

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေစဉ် ကနေဒါ သံတမန်ဟောင်းတစ်ဦးကို တရုတ် ဖမ်းဆီးထိန်းသိမ်း

ဒီဇင်ဘာ ၁၂ ။               ။ တရုတ် တယ်လီကွန်းကုမ္ပဏီ Huawei ရဲ့ အဆင့်မြင့်အမှုဆောင်တစ်ဦး ကနေဒါမှာ ဖမ်းဆီးခံထားတဲ့ကိစ္စနဲ့ပတ်သက်လို့ သံတမန်ဆက်ဆံရေး တင်းမာနေစဉ်မှာပဲ တရုတ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ကနေဒါနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Huawei ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျို ကို အမေရိကန်ရဲ့ ပန်ကြားချက်နဲ့ ကနေဒါတို့ ဖမ်းဆီးထိန်းသိမ်းထားချိန်မှာပဲ ကနေဒါ သံတမန်ဟောင်း မိုက်ကယ် ကော်ဗစ်ဂျ် ကို ပေကျင်းအစိုးရက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

Huawei အကြီးအကဲကိုတော့ အီရန် ဆန်ရှင်တွေကို ချိုးဖောက်ထားခဲ့တယ်လို့ စွပ်စွဲပြီး ကနေဒါကနေတဆင့် အမေရိကန်ဆီ လွှဲပြောင်းအပ်နှံဖို့ ကနဦးက ပြင်ဆင်နေခဲ့ပါတယ်။

ခုလိုမျိုး မန်ဝမ်ကျို ကို ကနေဒါတို့ ဖမ်းဆီးထားတဲ့ကိစ္စ လုံ့ဝ ကျေနပ်ခြင်း မရှိကြောင်း ပေကျင်းအစိုးရဘက်က ထုတ်ပြန်ခဲ့ပြီး သူမကို ချက်ချင်း ပြန်လွှတ်မပေးရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံတွေ့ခံစားရလိမ့်မယ်ဆိုပြီးတော့လည်း သတိပေးထားပါတယ်။

" တရုတ်မှာ ကျွန်တော်တို့ ကနေဒါနိုင်ငံသားတစ်ဦး ကြုံတွေ့နေရတဲ့ အခြေအနေကို သိရှိထားပြီး ဖြစ်ပါတယ်" လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကတော့ ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် အစိုးရကလည်း ခုလို ကနေဒါ သံအမတ်ဟောင်းကို တရုတ်တို့ ထိန်းသိမ်းလိုက်မှုကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်လိုက်ပြီး ပေကျင်းအစိုးရအနေနဲ့ တစ်ဘက်သက် ထိန်းသိမ်းခြင်းမျိုးတွေ ချက်ချင်း ရပ်ဖို့ တိုက်တွန်းသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required