ရန်ကုန်တိုင်းတရားသူကြီးချုပ်အဖြစ် တိုင်းတရားသူကြီးဦးလှအေးကို အမည်စာရင်းတင်သွင်း

ရန်ကုန်တိုင်းတရားသူကြီးချုပ်အဖြစ် တိုင်းတရားသူကြီးဦးလှအေးကို အမည်စာရင်းတင်သွင်း

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ။             ။ လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်အဖြစ် လက်ရှိ တိုင်းတရားလွှတ်တော် တရားသူကြီး ဦးလှအေးကို ခန့်အပ်ရန် သမ္မတဦးဝင်းမြင့်က အမည်စာရင်းတင်သွင်းခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် အဆိုပါ အမည်စာရင်းကို တင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေသည် သက်ပြည့်ပင်စင်ဖြင့် အနားယူမည်ဖြစ်သောကြောင့် လက်ရှိ တိုင်းတရားလွှတ်တော် တရားသူကြီးကို ရာထူးတိုးပေးသည့်အနေအထား ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကဆိုသည်။

“အခုခန့်အပ်မယ့် တရားသူကြီးက အပြင်က သီးခြားလာတာမဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်မှာ လက်ရှိ တရားသူကြီးတာဝန် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ တရားသူကြီးချုပ် လစ်လပ်သွားတဲ့နေရာကို လက်ရှိထမ်းဆောင်နေတဲ့ တရားသူကြီးကို ခန့်အပ်တာပဲ အထွေအထူးတော့ ဘာမှသိပ်မရှိပါဘူး။ မူလကတည်းက ခန့်အပ်လို့ရတဲ့အရည်အချင်းနဲ့ ညီညွတ်နေပြီးသား ဖြစ်တဲ့ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေပါတယ်” ဟု ၄င်းကဆိုသည်။

အမည်စာရင်းတင်သွင်းခံရသူ ဦးလှအေးသည် ယခင်က နေပြည်တော်တရားရုံးချုပ်တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ် မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ကာ လက်ရှိအချိန်တွင်အသက် ၆၃နှစ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required