ဘွန်ဒက်စ်လီဂါ ရာသီအစ ခုနစ်ပွဲဆက်ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမား အူဘာမီယန်းဖြစ်လာ

ဘွန်ဒက်စ်လီဂါ ရာသီအစ ခုနစ်ပွဲဆက်ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမား အူဘာမီယန်းဖြစ်လာ

စက်တင်ဘာ ၂၈၊ ဒေါ့တ်မွန် ။                     ။ ဒမ်စတက်နှင့်သရေကျသောပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ဒေါ့တ်မွန်ကစားသမား အူဘာမီယန်းသည် ဘွန်ဒက်စ်လီဂါရာသီအစ ခုနစ်ပွဲဆက်ဂိုး သွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ယင်းပွဲတွင် ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် ဒုတိယပိုင်းပွဲချိန်တွင် ရှစ်မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင် ဂျင်တာဖြတ်တင်ဘောမှတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် ယာနူဇက်၏ပေးပို့မှုမှာတစ်ဆင့် ၎င်းအတွက် လက်ရှိရာသီ ၁၀ လုံးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

ဧည့်သည် ဒမ်စတက်အသင်းမှာ ၂-၁ ဂိုးဖြင့်ရှုံးနိမ့်နေရာမှ ပွဲချိန် မိနစ် ၉၀ တွင် ဆူလူက ချေပဂိုးပြန်သွင်းနိုင်သောကြောင့် နှစ်ဂိုးစီသရေကျ ကာ တစ်မှတ်ရသွားခဲ့သည်။

အူဘာမီယန်းသည် ပြီးခဲ့သည့်တစ်ပတ်ကလည်း ဘွန်ဒက်စ်လီဂါတွင် ရာသီအစ ခြောက်ပွဲဆက်ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် စံချိန်တင် ထားခဲ့သေးသည်။

ဒမ်စတက်အသင်းနှင့် သရေကျခဲ့သော ဒေါ့တ်မွန်အသင်းမှာ လာမည့်စနေနေ့တွင် ရင်ဆိုင်ရမည့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ် နှင့် လေးမှတ်ကွာသွားခဲ့ပြီဖြစ်သည်။

ဒမ်စတက်နှင့်ပွဲ ဒုတိယပိုင်းတွင် လူစားဝင်လာခဲ့သော မန်ယူအငှားကစားသမား ယာနူဇက်သည် ခြေစွမ်းပြကာ ဒေါ့တ်မွန်အတွက်အနိုင်ဂိုးကို ဖန်တီးပေးခဲ့သေးသော်လည်း အနိုင်ရလဒ်ကို ပွဲပြီးသည်အထိ ထိန်းမထားနိုင်သည့် ဒေါ့တ်မွန်အသင်းမှာ လက်ရှိရာသီပြိုင်ပွဲစုံ ၁၃ ပွဲတွင် ၁၂ ပွဲ အနိုင်ရမည့် ရလဒ်နှင့်လွဲခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly