နေပြည်တော်တွင် ဘုန်းကြီး အယောင်ဆောင်ကာ တိုက်ခန်းအတွင်း အနုကြမ်းဝင်စီးသူကို ဖမ်းမိ

နေပြည်တော်တွင် ဘုန်းကြီး အယောင်ဆောင်ကာ တိုက်ခန်းအတွင်း အနုကြမ်းဝင်စီးသူကို ဖမ်းမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ။           ။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်ရှိ ဗဟိုဘဏ်ဝန်ထမ်း ဒုညွှန်မှူးတစ်ဦး၏ တိုက်ခန်းကို ဝင်ရောက်အနုကြမ်းစီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီး ၂ ရက်အကြာတွင် ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ စုံစမ်းဖော်ထုတ်ပြီးတော့ ပြည်မြို့နယ်ရဲစခန်းကို လှမ်းအကြောင်းကြားပြီးမှ ဖမ်းခိုင်းလိုက်တာ” ဟု အမှတ် နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်းက မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ်(၁၉)၊ အခန်း(၂၂)နေ ဒေါ်လဲ့လဲ့နု၏ တိုက်ခန်း ဒုတိယထပ်တွင်းရှိ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံ များကို ယူဆောင်နေသည်ကို စျေးမှ ပြန်ရောက်လာသည့် ဒေါ်လဲ့လဲ့နုက မြင်တွေ့ခဲ့ပြီး ပိုက်ဆံယူဆောင် နေရသည့်အကြောင်းကို မေးမြန်းခဲ့ကာ ပြစ်မှုကျူးလွန်သူမှ စာဖြေရန်အတွက် ယူဆောင်ခြင်းဖြစ်ကြောင်း ပြောခဲ့ကာ ၊ မြက်ဖြတ်ကပ်ကြေးဖြင့် လည်ပင်းအား ထောက်ထား၍ ခြိမ်းခြောက်ပြောဆိုတွန်းလှဲကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှု ကျူးလွန်သူသည် ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ သံဗိုလ်ရပ် တွင် နေထိုင်သူ မောင်မောင်(၂၅)နှစ်ခန့်ဆိုသူဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ၄င်း၏ မိဘများ နေထိုင်သည့် နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၄င်းသည် နေပြည်တော်ရှိ သပြေဆောင်(၄) ၊လူပျိုဆောင် အနောက်ဘက် ကျူးကျော်တဲများတွင် ကျပန်း အလုပ် လုပ်ကိုင်ကာ ခိုးမှုများ ကျူးလွန်ရန်အတွက် ကတုံးတုံးကာ သင်္ကန်းစည်း၍ လိုက်လံအလှူခံလေ့ ရှိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပြီး ပြည်မြို့ရဲစခန်းမှတဆင့် သက်ဆိုင်ရာရဲစခန်းသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဆောင်ရွက်နေကြောင်း သည်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required