ကောင်းမှုတော်စေတီအဖြူရောင်ဆေးသင်္ကန်းပြန်ကပ်ရေးအတွက် အောင်ပြည်တန်ကုမ္ပဏီဖြင့် စာချုပ် ချုပ်

ကောင်းမှုတော်စေတီအဖြူရောင်ဆေးသင်္ကန်းပြန်ကပ်ရေးအတွက် အောင်ပြည်တန်ကုမ္ပဏီဖြင့် စာချုပ် ချုပ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၀ ။               ။ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေး သင်္ကန်းအဖြစ် ပြောင်းလဲကပ်လှူမှုအတွက် အောင်ပြည်တန်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် စတင် လုပ်ဆောင်မည်ဟု သိရသည်။

စာချုပ်ချုပ်ဆိုမှု သြဝါဒခံယူပွဲကို ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့ကောင်းမှုတော်စေတီ ဂေါပက ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

အဖြူရောင်ဆေးသင်္ကန်းအဖြစ် ပြောင်းလဲကပ်လှူမှုအတွက် လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စတင် လုပ်ဆောင်မည်ဖြစ်ပြီး လာမည့် တပေါင်းလပြည့်အမီ အပြီးလုပ်ဆောင်ရန် သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီးက ကောင်းမှုတော်စေတီတော်ကို အဖြူရောင်ဆေးသင်္ကန်း ကပ်လှူရန်အတွက် လုပ်ဆောင်များဆောင်ရွက်ရန် အစီခံရင်စာတင်ထားသည့်ကုမ္ပဏီများအနက် အောင်ပြည်တန်ကုမ္ပဏီကို ရွေးချယ်ကြောင်း၊ လုပ်ငန်းများကို လာမည့်တပေါင်းလပြည့်အမီ အပြီးလုပ်ဆောင်ရန်နှင့် တပေါင်းလပြည့်နေ တွင် သံဃာအပါး ၁၀၀၀ နှင့် ဘုရား အနေကဇာတင်သွားပြီး သံဃာအပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူ သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။

ထို့နောက် ရွေးချယ်ခံရသည့် အောင်ပြည်တန်ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်သူအောင်က ကောင်းမှုတော် စေတီတော်ကို အဖြူရောင်သင်္ကန်းကပ်လှူရန်အတွက် လုပ်ဆောင်သွားမည့်လုပ်ငန်းအဆင့်ဆင့်ကို ဂေါပက အဖွဲ့နှင့် တက်ရောက်လာသည့် ပညာရှင်များအား ရှင်းလင်းပြောဆိုခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုကို ဒီဇင်ဘာ ၁၂ ရက်တွင်စတင်ထားမည်ဖြစ်ပြီး၊လုပ်သားအင်းအား ၃၀ နှင့် နေ့စဉ် နံနက်ခင်းမှ ည ၁၀ နာရီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန် အတွက် လက်ရှိ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်း၊ ရေဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Flexible Protective Coating (Mapelastic) သုတ်လိမ်းခြင်း၊Elastocolour Paint Plus အား သုတ်လိမ်းခြင်းတို့ ပြုလုပ်သွားရမည်ဖြစ်သည်။

အီတလီနိုင်ငံထုတ်အဆင့်မြင့် အဖြူရောင်ဆေးပစ္စည်းဖိုးအနေဖြင့် ငွေကျပ်သိန်း ၁၁၀၀ ကျော် နှင့် ဆေးသုတ် လုပ်အားခမှာ ကျပ်သိန်း ၁၃၀၀ ကျော် ကုန်ကျမည် ခန့်မှန်းထားကြောင်း အောင်ပြည်တန်ကုမ္ပဏီမှ သိရသည်။


ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မာရာဇာ မဟာဓိပတိ သာလွန်မင်းတရားကြီးက သက္ကရာဇ် ၉၉၈ခုတွင် စတင်တည်ခဲ့ကာ သက္က္တရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့၍ ခေတ်အဆက်ဆက် ထုံးသင်္ကန်းသာ ဆက်ကပ်ခဲ့ရာမှ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွှေဆေးသင်္ကန်း ပြောင်းလဲကပ်ခဲ့ခြင်းဖြစ်သည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly