လွင်မိုးအောင်၊ စိုးမိုးကျော်နဲ့ နန်းထိုက်ဇော်တို့ကို ခေါ်ယူခဲ့တဲ့ ဧရာဝတီယူနိုက်တက်

လွင်မိုးအောင်၊ စိုးမိုးကျော်နဲ့ နန်းထိုက်ဇော်တို့ကို ခေါ်ယူခဲ့တဲ့ ဧရာဝတီယူနိုက်တက်
Photos: MNL

ဧရာဝတီယူနိုက်တက်အသင်းဟာ ၂၀၁၉ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတစ်ရပ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ စိုးမိုးကျော်နဲ့ လွင်မိုးအောင်တို့ကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် ယူ-၂၁ လက်ရွေးစင် နန်းထိုက်ဇော်ုကိပါ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီအသင်းအနေနဲ့ ၎င်းကစားသမား သုံးဦးကို (၂) နှစ်သက်တမ်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တာဖြစ်တယ်လို့ အဆိုပါအသင်းက သတင်းထုတ်ပြန်ပါတယ်။

၎င်းကစားသမား သုံးဦးအနက် ကွင်းလယ်လူ လွင်မိုးအောင်ကို ရန်ကုန်ယူနိုက်တက်အသင်းကပါ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရပြီး အပြီးသတ်မှာတော့ ဧရာဝတီအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အား/ကာသိပ္ပံထွက် အဆိုပါ လူငယ်ကစားသမားများအနက် ကွင်းလယ်လူ လွင်မိုးအောင်မှာ ဧရာဝတီယူနိုက်တက်အသင်းနှင့် စတင်ပူးပေါင်းမှုပြုလုပ်နေပြီဖြစ်ပြီး နောက်ခံလူ စိုးမိုးကျော်နှင့် ကွင်းလယ်လူ နန်းထိုက်ဇော်တို့မှာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် အသင်းနှင့် စတင်ပူးပေါင်းမယ်လို့ သိရပါတယ်။

လက်ရှိမှာ အား/ကာသိပ္ပံထွက် အဆိုပါ လူငယ်ကစားသမားများအနက် ကွင်းလယ်လူ လွင်မိုးအောင်မှာ ဧရာဝတီယူနိုက်တက်အသင်းနဲ့ စတင်ပူးပေါင်းပြုလုပ်နေပြီဖြစ်ပြီး နောက်ခံလူ စိုးမိုးကျော်နဲ့ ကွင်းလယ်လူ နန်းထိုက်ဇော်တို့မှာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအပြီးမှာ အသင်းနဲ့ စတင်ပူးပေါင်းမယ်လို့ သိရပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ မြန်မာနေရှင်နယ်လိဂ်မှာ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref; MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly