ဂွာတီမာလာမှာ ဘာသာရေးပွဲ အထိမ်းအမှတ်အဖြစ် မီးဘောလုံးများ ပစ်ပေါက် ကစား

ဂွာတီမာလာမှာ ဘာသာရေးပွဲ အထိမ်းအမှတ်အဖြစ် မီးဘောလုံးများ ပစ်ပေါက် ကစား

ဒီဇင်ဘာ ၁၀ ။          ။ ဂွာတီမာလာနိုင်ငံမှာ ဘာသာရေးပွဲ အထိမ်းအမှတ် တစ်စိတ်တစ်ဒေသအဖြစ် မီးစွဲလောင်နေတဲ့ မီးဘောလုံးတွေကို ပစ်ပေါက် ကစားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ယင်းနိုင်ငံက  ဗီရာပက်ဇ် ဒေသမှာ ရှိတဲ့ ဆန် ခရစ်တိုဘယ်လ် ဒေသန္တရမြို့မှာ ညဘက်ပိုင်း လူတွေ စုဝေးပြီး အဆိုပါ မီးစွဲလောင်နေတဲ့ မီးဘောလုံးတွေကို ပစ်ပေါက် ခဲ့ကြတာဖြစ်ပါတယ်။

" ဒါက ဒီမှာ ရှိတဲ့ လူတွေနဲ့အကြား အတူတကွ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကြရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်၊ ဒါမျိုးက တစ်နှစ်ကို တစ်ကြိမ်သာလျင် ကြုံရတာဖြစ်ပါတယ်" လို့ ယင်းပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဟွမ် ကားလို့စ် ကွိုင်က ပြောသွားပါတယ်။

" ဒီ ဘောလုံးတွေက တော်တော်တော့ လေးပါတယ်၊ အလေးချိန်အားဖြင့် ၅ ပေါင်၊ ၈ ပေါင်၊ ၁၀ ပေါင် စသည်ဖြင့် ရှိပါတယ်၊ ဒါတွေကို မီးစွဲလောင်နိုင်တဲ့ အရာတွေနဲ့ သုတ်ထားရတာပေါ့" ဆိုပြီး အခြား ပါဝင်သူတစ်ဦးဖြစ်တဲ့ ဖရက်ဒီ ကွိုင်ကလည်း ပြောသွားပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required