ခြောက်ရက်ကြာ စစ်ပွဲအတွင်းက မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းပြီးကြောင်း အစ္စရေး ကြေညာ

ခြောက်ရက်ကြာ စစ်ပွဲအတွင်းက မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းပြီးကြောင်း အစ္စရေး ကြေညာ
Photo: EPA

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၀ ။        ။ သိမ်းပိုက်ခံ အနောက်ဖက်ကမ်း ဂျော်ဒန်မြစ်အနီး ကာဆားအယ်လ်ယာဟတ်အရပ်က ခရစ်ယာန်ဘုရားကျောင်းတွေ အနှံ့မှာ မြုပ်နှံထားတဲ့ မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းပြီးကြောင်း အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ခု ဖယ်ရှားရှင်းလင်းတဲ့ မြေမြုပ်မိုင်းတွေဟာ ၁၉၆၇ ခုနှစ်် ခြောက်ရက်တာ စစ်ပွဲမှာ အစ္စရေးစစ်တပ် မြုပ်နှံခဲ့တဲ့ မြေမြုပ်မိုင်းတွေဖြစ်ပြီး ဒီမြေမြုပ်မိုင်းတွေ ရှိနေတာကြောင့် ဘုရားကျောင်းတွေကို ပိတ်ထားခဲ့ရတာလည်း နှှစ် ၅၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ စစ်ပွဲကာလက ဂျော်ဒန်နယ်စပ်ကို ဖြတ်လို့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေထဲ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေ မဝင်ရောက်လာအောင် ခံစစ်အနေနဲ့ ခုလို မြေမြုပ်မိုင်းတွေ မြုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။

မတ်လက စတင်ပြီး အစ္စရေး အမျိုးသားမြေမြုပ်မိုင်းရှာဖွေရေးအာဏာပိုင်အဖွဲ့နဲ့ HALO Trust အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မတ်လက စတင်လို့  မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပြီး ခုဆိုရင် ဘုရားကျောင်းနှစ်ကျောင်းမှာ နိုင်ငံတကာမီဒီယာတွေကို ဝင်ရောက်သတင်းရယူခွင့် ပေးခဲ့ပါတယ်။

ဒီ ဘုရားကျောင်းဧရိယာတွေဟာ ခြောက်ရက်တာစစ်ပွဲအတွင်းက စစ်တလင်းမြေဖြစ်ခဲ့တာပါလို့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

အီသီယိုပီးယား၊ ပြင်သစ်နဲ့ ဂရိဘုရားကျောင်းတွေ ဝန်းကျင်က နယ်မြေဇုန််တွေမှာ မိုင်းတွေ ရှင်းလင်းပြီးကြောင်း၊ ၂၀၁၉ မကုန်ခင်မှာ ဒီနယ်မြေဒေသတစ်ခုလုံးက မြေမြုပ်မိုင်းတွေကို ရှာဖွေဖယ်ရှားရှင်းလင်းဖို့ စီမံကိန်းချထားကြောင်း အစ္စရေး အမျိုးသားမြေမြုပ်မိုင်း ရှာဖွေရေးအာဏာပိုင်အဖွဲ့က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required