ယန်ဇီမြစ်ထဲမှာ ဆောင်းရာသီ ရေကူးပြိုင်ပွဲ ကျင်းပ

ယန်ဇီမြစ်ထဲမှာ ဆောင်းရာသီ ရေကူးပြိုင်ပွဲ ကျင်းပ

ဒီဇင်ဘာ ၉ ။            ။ တရုတ်နိုင်ငံ ယန်ဇီမြစ်ထဲ ဆောင်းရာသီ ရေကူးပြိုင်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ရာမှာတော့ ရာနဲ့ချီတဲ့ ရေကူးအားကစားဝါသနာရှင်တွေ ပါဝင်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဟူဘေပြည်နယ် အလယ်ပိုင်းမှာ ပြုလုပ်တဲ့ အဆိုပါ မြစ်ဖြတ် ရေကူးပြိုင်ပွဲမှာတော့  ပါဝင်ယှဉ်ပြိုင်သူ ရေကူးသမားတွေဟာ အေးစက်နေတဲ့ ရေပြင်ထဲ တစ်ပျော်တစ်ပါး ခုန်ချပြီး ကူးဖြတ်ခဲ့ကြပါတယ်။

အဆိုပါ ရေကူးပြိုင်ပွဲရဲ့ ခရီးလမ်းကြောင်း အရှည်ကတော့ မီတာ ၁,၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကူးသမားတွေ ဘေးကင်းစေဖို့အတွက်လည်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ပရော်ဖက်ရှင်နယ် ကျွမ်းကျင်သူတွေကို လိုက်ပါ စောင့်ရှောက်စေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required