အီဂျစ်ရှိ နိုင်းလ် မြစ်ဝကျွန်းပေါ်ဒေသမှာ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရ

အီဂျစ်ရှိ နိုင်းလ် မြစ်ဝကျွန်းပေါ်ဒေသမှာ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရ

ဒီဇင်ဘာ ၉ ။         ။ အီဂျစ်နိုင်ငံ မြောက်ပိုင်းက နိုင်းလ် မြစ်ဝကျွန်းပေါ် ဒေသမှာတော့ စိမ်းလန်းစိုပြည်တဲ့ လယ်ကွင်းတွေက လွှမ်းခြုံ ဖုံးလွှမ်းထားလျက် ရှိပါတယ်။

သို့ပေမယ့်လည်း နိုင်ငံရဲ့ အဆိုပါ စိုက်ပျိုးရေး ဗဟိုချက်မဒေသနဲ့ ယင်းရဲ့ အဓိက ရေချို အရင်းအမြစ်တွေကတော့ ခုချိန်မှာ ရာသီဥတု ပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

မြေဆီသြဇာကောင်းမွန်တဲ့ စက်ဝိုင်းပြတ်ပုံ အဆိုပါ မြစ်ဝကျွန်းပေါ်ဒေသကတော့ နိုင်ငံလူဦးရေ ထက်ဝက်လောက်နီးပါး ရှိတဲ့ဒေသဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပူချိန်တွေ မြင့်တက်လာနေတာ၊ မိုးခေါင် ရေရှားလာမှုတွေကြောင့် နိုင်းလ်မြစ်ကို ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်လာစေလျက် ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ ဆားပေါက်မြေများ ဖြစ်လာခြင်း စတာတို့ကနေ ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ ပညာရှင်တွေနဲ့ တောင်သူတွေက ပြောပါတယ်။

အကျိုးဆက်အားဖြင့်တော့ အာရပ်ကမ္ဘာရဲ့ လူဦးရေ အထူထပ်ဆုံးနိုင်ငံက ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို ပျက်ပြားနှောင့်ယှက်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

“ ခုဆိုရင် နိုင်းလ်မြစ်က ကျုံ့ဝင်သေးလာပါပြီ၊  ကျွန်တော်တို့ဆီတောင် ရေတွေ မရောက်တော့ပါဘူး၊ ခုဆိုရင် မြေအောက် ရေကို တူးပြီး သုံးနေရပါပြီ၊ စပါးစိုက်တာကိုပါ ရပ်ထားရပါတယ်” ဆိုပြီး ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ တာလက် အယ်လ် စီစီက ပြောသွားပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၅၀ မတိုင်ခင် ယင်းဒေသအနေနဲ့ အဓိက စိုက်ပျိုးမြေဧရိယာ ၁၅ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးလက်လွှတ်ရဖို့ ရှိနေတယ်ဆိုပြီး အီဂျစ် စီးပွားရေး ပညာရှင်တွေထုတ်ပြန်တဲ့ လေ့လာချက် အစီရင်ခံစာတစ်စောင်ထဲမှာ ဖော်ပြထားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required