မန်းရွှေစက်တော်ဘုရားအနီး ဘုရားကျေးရွာတွင် လောင်းကစားပြုလုပ်သူ ၁၂ ဦး ဖမ်းဆီးခံရ

မန်းရွှေစက်တော်ဘုရားအနီး ဘုရားကျေးရွာတွင် လောင်းကစားပြုလုပ်သူ ၁၂ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၉ ရက်။ ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ဘုရားကျေးရွာတွင် BINGO လောင်းကစားပြုလုပ်နေသူ ၁၂ ဦးအား ဒီဇင်ဘာ ၈ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့သည်ဟု စကုနယ်မြေရဲစခန်းမှ သိရသည်။

ဘုရားကျေးရွာနေ မသန်းနွဲ့၏ နေအိမ်အား စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်မျိုးဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေရာ လောင်းကစားပြုလုပ်နေသော အိမ်ရှင် အဆိုပါ အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ BINGO အမှတ်တံဆိပ်ပါ အင်္ဂလိပ်ဂဏန်း နံပါတ်များ ပါဝင်သည့် ပလတ်စတစ်လောင်းထားသည့် ရောင်စုံကဒ်ပြား ၄၆ ပြားနှင့် ကျောက်စရစ်ခဲသေး ၃၀၀ ခန့်၊ အပြာရောင် ပလတ်စတိတ် ရေကရားအသေး ၁ ခု၊ ထို့အပြင် BINGO အမှတ်တံဆိပ်ပါ ကဒ်ပြားရောင်စုံ နောက်ထပ် ၆ ပြားအား နေအိမ်အတွင်းမှ တွေ့ရှိခဲ့ပြီး ငွေကျပ် ၂၅၇,၃၅၀ တို့ကိုပါ သိမ်းဆည်းခဲ့သည်ဟု စကုနယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးခံထားရသည့် ထို ၁၂ ဦးကို လောင်းကစားဥပဒေပုဒ်မ ၁၃ (က) (၁၄) ဖြင့် စကုနယ်မြေရဲစခန်းတွင် (ပ) ၁၅၀/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly