အမျိုးသမီးဆေးရုံကြီးတွင် ဆရာဝန်အယောင်ဆောင်သူ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိ

အမျိုးသမီးဆေးရုံကြီးတွင် ဆရာဝန်အယောင်ဆောင်သူ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိ

ဒီဇင်ဘာ ၈ ။         ။ လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံ၌ ဆရာဝန်အယောင်ဆောင်အမျိုးသမီး ၁ ဦးအား ဖမ်းဆီးရမိမှု ဒီဇင်ဘာလ ၇ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ ၀၇၁၅ အချိန် လမ်းမတော်မြို့နယ်၊ ဗဟို အမျိုးသမီးဆေးရုံကြီး၊ (E) အဆောင်၊ အခပေးအထူးခန်း(၁၉)၌ ဆေးရုံတက်ရောက်နေသော ဒေါက်တာသိင်္ဂီဝင်း၏ အခန်းအတွင်းသို့ ဆရာဝန်အယောင်ဆောင်လာသူ အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် တာဝန်ကျသူနာပြုများမှ လိုက်လံရှာဖွေခဲ့သည်။

၎င်းအား အထူးခန်း(၂၂)၌ တွေ့ရှိရပြီး သူနာပြုအုပ်ရုံးခန်းသို့ ခေါ်ဆောင်စစ်မေးရာ ၎င်းမှာ ရှင်နှောင်း (၃၅)နှစ် (၄)ရပ်ကွက်၊ လသာမြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ဂျူတီကုတ်အကျႌ ၁ ထည်၊ နားကြပ် ၁ ခု၊ ဒေါက်တာ ရှင်နှောင်း(ဗဟိုအမျိုးသမီးဆေးရုံကြီး) စာတမ်းပါ ရင်ထိုး ၁ ခုတို့ အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ရှင်နှောင်း(ဖမ်းမိ)အား လမ်းမတော်မြို့မရဲစခန်း (ပ)၁၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ပြည်သူ့ ဝန်ထမ်းဝတ်ဆင်/ ကိုင်ဆောင်သောအဝတ်တန်ဆာများ ကိုလိမ် လည်လိုသော ကြံရွယ်ချက်ဖြင့် ဝတ်ဆင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required