ထိုင်းနိုင်ငံမှပေးအပ်သော International Naga Award 2018 ဆုကို IBEC ဆရာတော် ရရှိ

By ဘုန်းနိုင်ဖြိုး
08 December 2018
ထိုင်းနိုင်ငံမှပေးအပ်သော International Naga Award 2018 ဆုကို IBEC ဆရာတော် ရရှိ

ဒီဇင်ဘာ- ၈၊ ဘန်ကောက် ။            ။ IBEC ဆရာတော်သည် ဒီဇင်ဘာလ(၈)ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ National Theatre တွင် International Buddhist and Culture Arts Press Association အဖွဲ့ နှင့် World Inter-Religious Council (WIRC) အဖွဲ့တို့မှ ပေးအပ်ချီးမြှင့်သည့် International Naga Award – 2018 ဆုကို လက်ခံရယူခဲ့ကြောင်း သိရသည်။

 ဆုပေးအပ်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံအစိုးရ ၊ထိုင်းဘုရင့်အိမ်တော်မှအကြီးတန်းအရာရှိ Special Envoy Minister for Social Development and Human Security သံတမန်ရေးရာအထူးဝန်ကြီးနှင့် စွမ်းအင် ဝန်ကြီးဟောင်း Gen.Anantaporn Kanjanarat ဗိုလ်ချုပ်ကြီး အနန္တပွန်ကန်ဂျနာရတ်တို့ တက်ရောက် ချီးမြှင့်ကြောင်း သိရသည်။

 အဆိုပါဆုကို ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းသော ဘာသာဖြစ်ကြောင်း၊ မည်သူ့ကိုမျှဒုက္ခမပေးဘဲ ကမ္ဘာ့လူသားများ အကျိုးကို ဓမ္မဝိနယဖြင့်စောင့်ရှောက် ဆောင်ရွက်နေသော ဘာသာတစ်ခုဖြစ်ကြောင်း သက်သေပြ ဆောင်ရွက် နေကြသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် လူပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ခြင်းကြောင်း သိရှိရသည်။

 IBEC ဆရာတော်သည် ၂ဝ၁၈ခုနှစ် ဇွန်လ၌ စတော့ဟုမ်းငြိမ်းချမ်းရေးဆု ကိုလည်းကောင်း၊ စက်တင်ဘာလ တွင် ဒေါက်တာအမ်ဘေဒကာအင်တာနေရှင်နယ် ဆုကိုလည်းကောင်း ရရှိပြီး၊ ဒီဇင်ဘာ ၁ ရက်နေ့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ကျင်းပသည့် Asia-Pacific Summit 2018 အစည်းအဝေးတွင် နီပေါနိုင်ငံအစိုးရ၏ အထူး ဧည့်သည်တော်အဖြစ်တက်ရောက်ကာ ဗုဒ္ဓဘာသာကိုယ်စားပြု ငြိမ်းချမ်းရေးစကားများ မိန့်ကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required