ပလတ်စတစ်အိတ်များဖြင့် ပြုလုပ်ထားသည့် ပင်လယ်သေမြေပုံဖြင့် စံချိန်တင်နိုင်ရန် နီပေါကြိုးပမ်း

ပလတ်စတစ်အိတ်များဖြင့် ပြုလုပ်ထားသည့် ပင်လယ်သေမြေပုံဖြင့် စံချိန်တင်နိုင်ရန် နီပေါကြိုးပမ်း

ဒီဇင်ဘာ ၈ ။          ။ အပြည်ပြည်ဆိုင်ရာစံချိန်သစ်တင်နိုင်ဖို့၊ ကမ္ဘာ့ပင်လယ်ပြင်တွေမှာ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ပလတ်စတစ်အမှိုက်တွေ ပေါများနေခြင်းကို သာဓကပြဖို့အတွက် နီပေါလူငယ်တွေဟာ ပလတ်စတစ်တွေနဲ့ လုပ်ထားတဲ့ ပင်လယ်သေမြေပုံကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ပင်လယ်သေမြေပုံကို ပြုလုပ်ဖို့ ၂၀ မီတာ (၆၅ ပေ)ရှည်တဲ့ သတ္တုလေးထောင့်ကွက်တစ်ခုပေါ်မှာ ပလတ်စတစ်အိတ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ချည်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းပလတ်စတစ်ထုတ်လုပ်မှုမြင့်မားလာတာနဲ့အမျှ တစ်နှစ်ကို ပလတ်စတစ် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်အသုံးပြုနေကြတာဖြစ်ပါတယ်။

ယခုလို ပင်လယ်သေမြေပုံကို တီထွင်ဖို့ စေတနာ့ဝန်ထမ်း ၁၅၀ ကျော်ဟာ ကျောင်းတွေ၊ အများပြည်သူသွားလာလေ့ရှိတဲ့ နေရာတွေမှာရှိတဲ့ ပလတ်စတစ်အိတ်ခွံတွေကို လိုက်လံစုဆောင်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required