သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် မင်းဘူးရှိ အနာကြီးရောဂါသည်များကို အလှူငွေများ ထောက်ပံ့

သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် မင်းဘူးရှိ အနာကြီးရောဂါသည်များကို အလှူငွေများ ထောက်ပံ့

မကွေး၊ဒီဇင်ဘာ ၈ ။           ။ သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်နှင့် ဆုတောင်းရာပြည့်အဖွဲ့မှ ဒီဇင်ဘာ ရရက်နေ့တွင် မကွေးတိုင်း ဒေသကြီး မင်းဘူး/စကုမြို့နယ်အတွင်းရှိ အနာကြီးရောဂါသည်ဝေဒနာရှင်များအား အလှူငွေ၊ အဝတ်အထည် များ၊ အသုံးအဆောင်ပစ္စည်းများကိုထောက်ပံ့လှူဒါန်းခဲ့သည်။

“ကျွန်တော် ဒီနေ့အနာကြီးရောဂါဝေဒနာသည်များနဲ့ပတ်သက်လို့အဓိကအားပေးချင်တဲ့ အချက်(၄) ချက် ရှိပါတယ်။ လဲနေရင် ထူပေးပါ။ အားငယ်သူကို အားပေးပါ။ ရွေ့သွားအောင် တွန်းပေးပါ။ မြင့်လာအောင် မြှင့်တင်ပေးပါ ထမ်းတင်ပေးကြပါ” လို့ ဦးဆန်းဆင့်က ပြောသည်။

အဆိုပါ ထောက်ပံ့မှုတွင်ကျပ်ငွေ(၃၁)သိန်းအပါအဝင် လှူဖွယ်ပစ္စည်းများအား မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် ၊ အောင်မေတ္တာရပ်ရှိ စာသင်ကျောင်းတွင်လှူဒါန်းပေအပ်ခဲ့ပြီး တက်ရောက်လာသည့် အနာကြီးရောဂါ ဝေဒနာ ရှင်များအား အားပေးစကားများ ပြောကြားခဲ့သည်။

“ဒီနေ့ပွဲလေးဟာ အရေးစိုက်ခြင်း မခံရတဲ့သူတွေကို သူတို့ရဲ့ဘဝ ပျော်ရွှင်ဝမ်းမြောက်ဖို့အတွက် သေးငယ်တဲ့ ကူညီထောက်ပံတဲ့ပွဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူရာမဝင်ဘူးထင်တာတွေ၊ ဝမ်းနည်း သိမ်ငယ်နေတာ တွေပပျောက်သွားအောင် စိတ်ဓါတ်မြှင့်တင်တဲ့ပွဲလေးပါ။ ရှေ့ဆက်လုပ်ဖို့လည်းရှိပါတယ်။ သဒ္ဓါစေတနာ ထက်သန်သူတွေ ပူးပေါင်းပြီးဆောင်ရွက်ဖို့ ပါဝင်ကူညီကြဖို့ပြောချင်ပါတယ်”ဟု ဆုတောင်းရာပြည့်အဖွဲ့ ဥက္ကဋ္ဌ ဦးစောလင်းထက်က ပြောသည်။

အနာကြီးရောဂါကြောင့် လူမှုပတ်ဝန်းကျင်တွင် လူရာသွင်းခြင်းမခံရသဖြင့် သိမ်ငယ်နေရသူများကို အားငယ် စိတ် မဝင်စေဘဲ စိတ်ဓာတ်တက်ကြွလာအောင် မြှင့်တင်ပေးခဲ့သောကြောင့် ထောက်ပံ့ကူညီပေးသော သာသ နာရေး ဝန်ကြီးဟောင်းနှင့် အဖွဲ့ကို ကျေးဇူးတင်ကြောင်း မင်းဘူးမြို့၊ အောင်မေတ္တာရပ်တွင် နေထိုင်သော အနာကြီးရောဂါဝေဒနာရှင် ဦးထင်ကျော်ဦးက ပြောသည်။

အဆိုပါပွဲသို့ မင်းဘူး/စကုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများမှ အနာကြီးရောဂါဝေဒနာရှင် (၂၀)ဦး တက်ရောက် ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly