မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် အိန္ဒိယက အဓိကရင်းနှီးမြှုပ်နှံသွားမည်ဟုဆို

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် အိန္ဒိယက အဓိကရင်းနှီးမြှုပ်နှံသွားမည်ဟုဆို

ဒီဇင်ဘာ ၈ ။           ။ တိုင်းပြည်စီးပွားရေးတိုးတက်ရန် စွမ်းအင်ကဏ္ဍသည် မရှိမဖြစ်လိုအပ်သည့်အတွက် လျှပ်စစ်သွယ်တန်းထုတ် လုပ်ဖြန့်ဖြူးသည့်ကဏ္ဍတွင် အဓိကရင်းနှီးမြှုပ်နှံသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Vikram Misri ကပြောသည်။

"စွမ်းအင်ကဏ္ဍဟာ အလိုအပ်ဆုံးပါဘဲ။ စွမ်းအင်ကဏ္ဍဟာ စီးပွားရေးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းအားဖြင့် နိုင်ငံရဲ့စီးပွားရေးဖွ့ံဖြိုးမှုကို အထောက်အပံ့ပေး နိုင်မှာဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍမှာ အထူးသဖြင့် လျှပ်စစ်သွယ်တန်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းကဏ္ဍ တွေရှိမယ်။ ဒီကဏ္ဍတွေကို အိန္ဒိယမှာရှိတဲ့ ကုမ္ပဏီတွေနေနဲ့ ရင်းနှီးမြှပ်နှံဖို့အတွက် စိတ်ဝင်စားပါတယ်။ ဒီကဏ္ဍ တွေကို ရင်နှီးမြှုပ်နှံခြင်းအားဖြင့် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေ ဖွ့ံဖြိုးတိုးတက်နိုင်ပါတယ်" ဟု H.E. Shri Vikram Misri ကပြောသည်။

ပဥၥမအကြိမ်မြောက် အိန္ဒိယနိုင်ငံ ကုန်စည်ပြပွဲနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ရရက်က အိန္ဒိယသံရုံးတွင် မီဒီယာ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း များတွင် ရင်နှီးမြှုပ်နှံမှုလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အိန္ဒိယသံအမတ်ကြီး ကပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည်ပမာဏအများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် အစိုးရနှင့် ပြည်သူများ၏ လိုအပ်ချက်အပေါ်မူတည်ပြီး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီး ကဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံကုန်စည်ပြပွဲကို ၅ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၁၃ရက်မှ ၁၅ရက်အထိ ရန်ကုန် မြို့ Lotte ဟိုတယ်တွင် ၃ရက်ကြာကျင်းပသွားမည်ဖြစ်သည်။ ယခုပြပွဲကို အိန္ဒိယအစိုးရ၊ အိန္ဒိယနိုင်ငံသံရုံး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ အိန္ဒိယနိုင်ငံစက်မှုလုပ်ငန်းရှင်များ အ သင်းနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly