ရေနံချောင်းတွင် ပျားတုပ်ခံရ၍ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ရေနံချောင်းတွင် ပျားတုပ်ခံရ၍ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

မကွေး၊ ဒီဇင်ဘာ ၈ ။                 ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ဒီဇင်ဘာ ၅ရက်နေ့က ပျားတုပ်ခံရ၍ ပြည်သူ့ဆေးရုံတွင် တက် ရောက်ဆေးကုသခံယူနေသော သက်တော် ၇၀ နှစ်ခန့်ရှိ ဆရာတော်သည် ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ်၊ ရွှေကြာငုံရပ်ကွက်ရှိ မဲထီးကျောင်းဆရာတော် ဦးကေလာသည် ဖောင်ကတော ကျေးရွာမှ ဆွမ်းစားဖိတ်ထား၍ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဆွမ်းစားကြွချိန်တွင် ထန်းတော ထဲရှိ ပျားများ၏ ၀ိုင်းတုပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဆရာတော် ဦးကေလာကို ဒေသအခေါ်အဝေါ် လှည်းဘီးပျားဟု လူသိများသော ပျားများက ၀ိုင်းတုပ်ခဲ့ခြင်း ဖြစ်ပြီး ရေနံချောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေစဉ် ဒီဇင်ဘာ ၆ရက် ညပိုင်းတွင် ပျံလွန်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဆေးရုံရောက်တော့ ဆရာတော်က အရမ်းတုန်နေတာပဲ။ ရေအရမ်းဆာနေတယ်ထင်တယ်။ ရေသာ အတင်းသောက်နေတယ်။ ဆရာတော် ခန္ဓာကိုယ်အနှံ့ ပျားတုပ်ဒဏ်ရာတွေချည်းပဲ ဖူးရောင်နေတာပဲ။ မျက်ခွံ တွေဆို ဖူးရောင်နေတယ်။ ကျွန်တော့်အထင်တော့ မျက်လုံးက သွေးတွေထွက်နေတယ်ထင်မိတယ်”ဟု ရေနံချောင်းမြို့ခံ သတင်းထောက် ကိုအောင်ကျော်ဦးက ပြောသည်။

ပျားတုပ်ခံခဲ့ရသော ဆရာတော်သည် ဒဏ်ရာများပြင်းထန်ခြင်းကြောင့် ပျံလွန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်၏ ရုပ်ကလာပ်ကို ဒီဇင်ဘာ ရရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly