အိန္ဒိယနိုင်ငံ၏ ထုတ်ကုန်များနှင့် စက်မှုလုပ်ငန်းများကို ကုန်စည်ပြပွဲ ကျင်းပမည်

အိန္ဒိယနိုင်ငံ၏ ထုတ်ကုန်များနှင့် စက်မှုလုပ်ငန်းများကို ကုန်စည်ပြပွဲ ကျင်းပမည်

ဒီဇင်ဘာ ၇ ။            ။ အိန္ဒိယနိုင်ငံ၏ ထုတ်ကုန်များ၊ စက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများနှင့် နည်းပညာများကို ပြသမည့် ကုန်စည်ပြပွဲ ကို ဒီဇင်ဘာ ၁၃ရက်မှ စတင်ကာ ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသံရုံးမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်ရှိသော စီးပွားရေးလုပ်ငန်း များကို အိန္ဒိယမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်နိုင်ရန် ယခုပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Shri Vikram Misri ကပြောသည်။

"အခုအချိန်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ လုပ်သာကိုင်သာရှိဖို့ အခွင့်အလမ်းကောင်းတွေ ပေါတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အိန္ဒိယနိုင်ငံကနေ Trade and Investment ကိုလာရောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ကြောင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဘဲ ဖြစ်ပါတယ်" ဟု H.E Shri Vikram Misri ကပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကြောင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံမှ လုပ်ငန်းရှင်များအကြား ထိတွေ့မှုများရရှိပြီး စီးပွားရေးလုပ်ငန်းများချိတ်ဆက်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသည့် အိန္ဒိယနိုင်ငံကုန်စည်ပြပွဲသည် ၅ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၁ခုနှစ်၊ ၂၀၁၅ခုနှစ်များ တွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ကျင်းပခဲ့ဖူးကြောင်း သိရသည်။ယခုနှစ် ပြပွဲကို ဒီဇင်ဘာ ၁၃ရက်မှ ၁၅ရက် အထိ ရန်ကုန်မြို့၊ Lotte ဟိုတယ်တွင် ၃ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲကို အိန္ဒိယအစိုးရ၊ အိန္ဒိယနိုင်ငံသံရုံး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးဦးစီးဌာန၊ အိန္ဒိယနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required