ONE: DESTINY OF CHAMPIONS ပြိုင်ပွဲဝင် ကစားသမား ၅ ဦး၏ မှတ်တိုင်များ

ONE: DESTINY OF CHAMPIONS ပြိုင်ပွဲဝင် ကစားသမား ၅ ဦး၏ မှတ်တိုင်များ

ဒီဇင်ဘာ ၇ ၊ ရန်ကုန် ။            ။ ဒီဇင်ဘာလ ၇ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းများမှ အကျော်ကြားဆုံး ကိုယ်ခံပညာ ကစားသမား ၅ ဦး ၏ အကြောင်း တင်ပြပေးသွားပါမည်။

Yodsanklai IWE Fairtex

Yodsanklai အဖို့ အဓိကပွဲစဉ်တွင် ယှဉ်ပြိုင်ရခြင်းသည် ယခုမှကြုံတွေ့ရခြင်းမဟုတ်ပါ။ ၎င်းမြတ်နိုးသည့် မွေထိုင်းအားကစားသက်တမ်းတွင် ပြိုင်ပွဲပေါင်း ၃၀၀ နီးပါးကို ယှဉ်ပြိုင်ခဲ့သည်။ ဒီဇင်ဘာ ၇ ရက် သောကြာနေ့ညတွင် ကွာလာလမ်ပူ၌ Luis Regis နှင့်ယှဉ်ပြိုင်မည့်ဖြစ်သောကြောင့် Yodsanklai ၏ ပြိုင်ပွဲမှတ်တမ်းတစ်ခုထပ်တိုးလာတော့မည် ဖြစ်သည်။

Yodsanklai သည် ကောင်းမွန်သော အားကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး ၂၀၀၅ ခုနှစ်တွင် John Wayne Parr ကို အနိုင်ရရှိခဲ့ခြင်းသည် အထင်ရှားဆုံးအောင်မြင်မှုဖြစ်ကာ WBC စူပါဝယ်သာဝိတ်မွေထိုင်းချန်ပီယံခါးပတ်ကို ရရှိခဲ့သည်။ Yodsanklai ကဲ့သို့ပင် Parr သည် အကောင်းဆုံး ကမ္ဘာ့အဆင့် kickboxing ကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

WBC ချန်ပီယံခါးပတ်သည် Parr နှင့် ပြိုင်ပွဲမတိုင်ခင်မှသာ ဖန်တီးထားခြင်းဖြစ်ကာ Parr သည်လည်း ပြိုင်ပွဲများကို ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ကာ ထိုပြိုင်ပွဲကြီးသို့ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ဤကဲ့သို့ အနိုင်ရရှိလိုက်ခြင်းဖြင့် Yodsanklai ကို အားကစားလောကနှင့် ပြိုင်ဘက်များက အလွန်တော်သော ပြိုင်ဘက်ကောင်းအဖြစ်သတ်မှတ််ခြင်းခံခဲ့ရသည်။

Agilan Thani

အသက် ၂၃ နှစ်သာရှိသေးသော Thani သည် ၎င်း၏ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပွဲစဉ် ကိုးခုတွင် ONE ကမ္ဘာ့ချန်ပီယံ ၂ ဦးနှင့် ရင်ဆိုင်ခဲ့ပြီးဖြစ်သည်။ ထိုပြိုင်ပွဲ ၂ ခုလုံးတွင် Thani သည် အချိန်တိုအတွင်းမှာပင် ရှုံးနိမ့်ခဲ့သည်။ ၎င်း၏ချန်ပီယံခါးပတ်ကိုမရရှိခင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲ ၂ ခုတွင် ပထမပြိုင်ပွဲကို Ben Askren နှင့်ရင်ဆိုင်ခဲ့ပြီး ဒုတိယပြိုင်ပွဲတွင် ဝယ်သာဝိတ်တန်းချန်ပီယံ Zebaztian Kadestam နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သည်။

Thani သည် ရှေ့လျှောက် ပြိုင်ပွဲဝင်ရန်အခွင့်အလမ်းများအတွက် နိုင်ပွဲများရရှိရန်လိုအပ်ခဲ့သည်။ Kadestam နှင့် မယှဉ်ပြိုင်ခင်တွင် Thani သည် ONE: QUEST FOR GREATNESS ပြိုင်ပွဲကြီးတွင် Sherif Mohamed ကို ဒိုင် ၃ ဦးလုံး၏သဘောတူညီသောဆုံးဖြတ်ချက်ဖြင့် အနိုင်ရယူခဲ့သည်။

ထိုပြိုင်ပွဲကို ယှဉ်ပြိုင်စဉ်က Mohamed၏ ပွဲစဉ်မှတ်တမ်းမှာ (၈-၂) ဖြစ်သည်။ Mohammed သည် ၎င်း၏ အနိုင်ရသော ပွဲစဉ် ၈ ခုလုံးကို ပွဲသိမ်းတိိုက်ကွက်ဖြင့် အနိုင်ရယူထားသော ပွဲသိမ်းတိိုက်ကွက်ကျွမ်းကျင်သူဖြစ်သည်။ Thani သည် Mohammed ကို ကျွမ်းကျင်ပိုင်နိုင်သော မြေပြင်ကစားကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

Thani သည် Kiamrian Abbasov နှင့် ယှဉ်ပြိုင်မည့် ဒုတိယအဓိကပွဲစဉ်တွင်လည်း တူညီသောတိိုက်ဗျူဟာများကို အသုံးပြုသွားနိုင်ဖွယ်ရှိသည်။

Jihin Radzuan

လူငယ်ကစားသမားများထဲတွင် Jihin Radzuan သည် ONE ပြိုင်ပွဲဝင်ကစားသမားစာရင်းထဲတွင် အငယ်ဆုံးသော ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် Jenny Huang နှင့် မယှဉ်ပြိုင်မှီ အသက်၂၀ အရွယ် Jihin Radzuan သည် ပြိုင်ပွဲမှတ်တမ်း (၃-၀) ရရှိထားသူဖြစ်သည်။ ဂျူလိုင်လက ကျင်းပခဲ့သည့် ONE: PURSUIT OF POWER ပြိုင်ပွဲတွင် Radzuan သည် ၎င်း၏တိုတောင်းသေးသောကစားသမားဘဝ၏ အကြီးမားဆုံးအာင်မြင်မှုကို ရရှိခဲ့သည်။

Radzuan သည် ၎င်းထက် ၁၀ နှစ်ပိုကြီးကာ ကစားသမားဘဝအတွေ့အကြုံ ၂ ဆရှိသည့် Priscilla Hertati Lumban Gaol ကို ဒိုင် ၃ ဦး၏သဘောတူဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သည်။ Radzuan ကို ပြိုင်ပွဲ ၂ ခုကို အောင်နိုင်မှုရရုံဖြင့် ကိုယ်ခံပညာကစားသမားကောင်းဟူ၍ မပြောနိုင်သေးသော်လည်း ၎င်းသည် စိတ်ဓါတ်ပြင်းထန်ကာ ပြိုင်ပွဲတစ်လျှောက် ထိန်းချုပ်ထားနိုင်ကာ အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသူဖြစ်သည်။

Vitaly Bigdash

ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်း Vitaly Bigdash သည် ၂၀၁၇ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ONE: QUEST FOR POWER ပြိုင်ပွဲတွင် အောင်လအန်ဆန်ကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကိုရရှိခဲ့ပြီး ၎င်းသည် အောင်လကို နောက်ဆုံးအနိုင်ရရှိခဲ့သူဖြစ်သည်။ ထိုညတွင် ၎င်း၏ ပြင်းထန်ကြံ့ခိုင်သော မြေပြင်ကစားကွက်များက အောင်မြင်မှုအထွဋ်အထိပ်ကို ရရှိစေခဲ့သည်။ ၂၀၁၇ ဇွန်လတွင် ကျင်းပခဲ့သော ONE: LIGHT OF A NATION ပြိုင်ပွဲတွင် Vitaly သည်  မြန်မာ့စပါးအုံး အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့ကာ ၎င်း၏ချန်ပီယံခါးပတ်ကို ပြန်လည်ပေးအပ်ခဲ့ရသည်။

ONE: DESTINY OF CHAMPIONS ပြိုင်ပွဲတွင် Vitaly သည်  အတွေ့အကြုံများသည့် Yuki Niimura ရင်ဆိုင်ခြင်းဖြင့် ချန်ပီယံခါးပတ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရရေးအတွက် ပထမခြေလှမ်းလှမ်းနိုင်ခြင်းဖြစ်သည်။

၎င်းသည် အောင်လအန်ဆန်နှင့် သုံးကြိမ်မြောက်အဖြစ် ထပ်မံယှဉ်ပြိုင်လိုစိတ် ပြင်းပြလျက်ရှိသည်။ သို့ရာတွင် ထိုသို့ အောင်လနှင့် ယှဉ်ပြိုင်ခွင့်မရမီ Niimura နှင့် ယခုပွဲတွင်ယှဉ်ပြိုင်ရမည့်အပြင် အခြားပြိုင်ဘက်တစ်ဦးနှင့်လည်း ထပ်မံယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

Mei Yamaguchi

“V.V” သည် ၎င်း၏ ဒုတိယမြောက်အရှုံးကိုကို Angela Lee နှင့်ပွဲတွင် ကြုံတွေ့ခဲ့ရသော်လည်း

ဂျပန်နိုင်ငံသူ Mei သည် စိတ်ဓါတ်တက်ကြွနေဆဲဖြစ်သည်။ ၎င်းသည် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲ၏ လက်ရည်စမ်းပွဲတွင် Jomary Torres ကို ရင်ဆိုင်ရန် ကြိုးဝိုင်းအတွင်းသို့ ထပ်မံဝင်ရောက်လာမည်ဖြစ်သည်။

 Yamaguchi သည် Lee နှင့်ယှဉ်ပြိုင်ကာရုံးနိမ့်ခဲ့သောပွဲ မတိုင်မီ ၂၀၁၄ ခုနှစ် မတ်လတွင် Gina Iniong နှင့် ပြန်လည်ယှဉ်ပြိုင်သော ပြိုင်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့ရသည်။ Yamaguchi သည် Lee နှင့် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရေးအတွက် နိုင်ပွဲရယူရန်လိုအပ်နေရာ ပြီးခဲသည့် Iniong နှင့်ပွဲတွင် ဒိုင်မဲအနည်းအများဆုံးဖြတ်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည့် စိတ်ခံစားမှုများကို မေ့ဖျောက်ထားခဲ့သည်။

Yamaguchi သည် အောင်မြင်မှုများရယူရန် ကြိုးစားခဲ့သော်လည်း ဒုတိယချန်ပီယံနေရာနှင့်သာ နှစ်သိမ့်ခဲ့ရသည်။ Lee သည် စတောလ်ဝိတ်တန်းကို ပြောင်းရွေ့သွားနိုင်ချေရှိရာ Yamaguchi သည် တခြားယှဉ်ပြိုင်ဘက်နှင့့် ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရန် ထပ်မံကြိုးစားသွားမည်ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required